Professional Authors

ကျွန်တော်ဆုတောင်းမိသည်………..

Christmas ကသီချင်းဆိုနေပြီ
ချစ်သူ
မင်းကဘယ်မှာလည်း
နှင်းတွေက ပုခုံးထက်ကျဆင်းနေပြီ
ချစ်သူ
မင်းကဘယ်မှာလည်း
December လကလည်း
ကောင်းကင်ထက်ကွေးလို့
ချစ်သူမရှိတဲ့ညများ
ကျွန်တော်မှာ တစ်ယောက်တည်း
ဆွေးလို့………..။
လွမ်းလို့ သတိရတော့
ထကြည့်မိတယ်
ဘယ်သူများ ရှိမလဲလို့
စို့နေတဲ့ လွမ်းချွေးတွေ ပြန်သုတ်
အော် အသည်းကွဲ တဲ့လူများနော်
ဆောင်းတွင်းတောင်
ချွေးတွေ ထွက်လို့………..။
နေရောင်တွေပျောက်ပြီ
ကျွန်တော်မှာလည်း
မျှော်လင့်ခြင်းတွေ ပျောက်ပြီ
လွမ်းရတာနေ့
လွမ်းရတာညမို့
တခါတခါ ကိုယ့်ကိုကိုယ်
အသနားခံမိတယ်
မေ့လိုက်ပါလားလို့
မျက်ဝန်း
အနမ်း
နုတ်ခမ်းတွေ
ဘယ်သူက ပြိုင်နိုင်အုံးမှာတုန်း
သူ့ရနံ
သူ့ အလှ
ဘယ်သူ က ယှဉ်နိုင်မှာတုန်း
ကဲ စောင်ရှာပြီး
ကျွန်တော်အိပ်တော့မယ်ဗျာ
ကဲကဲ Senta Clause ရေ
သူမကို ဆောင်းအိပ်မက် အဖြစ်
ရောက်မလာအောင်တာပေးပါအုံး…………။

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

wow,,,,,,,,,
so cute.

best wishes for u,

commentinfo By: ei lay at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment