Professional Authors

မညီမျှတဲ့ မော်ဒန် အချစ်နဲ့ဘဝ

ဘဝနဲ့ဆန္ဒ အချစ်နဲ့စစ်တွေကို
စောသေးလို့ အကျောပေးလိုက်တာ
သက္ကရာဇ်တွေက ငါ့အတွက်
တွေးခေါ်စဉ်းစားရင်း အတွေ့အကြုံမရှိ
အသက်တွေသာကြီးလို့ အိုမင်းမှုကို
လှမ်းလာခဲ့သလို ဖြစ်ခဲ့
မနေသာလို့ အဖြေရှာပြန်တော့
ဓားတောင်ကို ကျော်ဖြတ်
မီးပင်လယ်ကို ကူးခတ်
အရူးတကောင်လို လေလွင့်ရင်း
ကမ္ဘာပတ်ခဲ့ မနေတတ်တဲ့
အသိုင်းဝိုင်းတွင်း ခုန်ချရင်း
နစ်မြှုပ်နေတဲ့ မြေပုံကို
ရှာဖွေရင်း နည်းလမ်းပေးတဲ့
ဆရာဆီ သင်ယူလိုက်နာခဲ့
မသေခြာတဲ့ အနာဂါတ်အတွက်
ကဗျာတွေ ရေးစပ်ရင်း
လူငယ်ဘဝ မရေးတတ်တဲ့
မော်ဒန်တစ်ဇွန်းအောက်မှာ
ချစ်သူတစ်ဦး ရရှိခဲ့
မျှော်လင့်ခြင်းတွေ ပေးခဲ့တဲ့
မနက်ဖြန် နေရောင်ခြည်ရဲ့
အလင်းရောင်အောက်မှာ
ဘဝတစ်ခု စတင်ကြရင်း
လိုအပ်ချက်တွေ နားလည်မှုတွေ
မေ့ပျောက်လို့ ပတ်ဝန်းကျင်
အသိုင်းဝိုင်းကြား လေစိမ်းတိုက်ခိုက်ကြ
မညီမျှတဲ့ ဓားသွားထက်မှာ
ကြိတ်မှိတ်ခံစားရင်း ဒဏ်ရာတွေက
အလွမ်းတွေဖြစ်လို့ ဆွဲကိုင်မိရာ
ဆေးလိပ် တစ်လိပ်ကို သောက်မိခဲ့
ဇိမ်ကျနေတဲ့ မီးခိုးငွေ့တွေကြား
မူးယစ်ထိုင်းမှိုင်းရင်း အကြမ်းဖျင်းဖျာပေါ်မှာ
အချစ်နဲ့ဘဝကို အရှုံးပေးလို့
အသက်တစ်ချောင်းအတွက် မြေတစ်ကွက်ကို
ငွေတစ်မက်နဲ့ ဝယ်ယူလို့ ဘဝနိဂုံးချုပ်ခဲ့တယ်……။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment