Professional Authors

သုည (မင်းကိုချစ်တဲ့သူ)

မနက်ဖြန်ဆိုတဲ့ အတွေးတွေနဲ့
ဘ၀ဆက်နေတဲ့ ပုရွက်ဆိတ်တွေ
စာရွက်တရွက် လှန်ဖို့ရာ
၂၄ နာရီကို အခက်အခဲများစွာနဲ့
ဖြတ်ကျော်ကြတယ်…

မြင်တွေ့နေရတဲ့ အပြုံးတွေကို
အတုနဲ့အစစ်ခွဲဖို့ ငါ့မျက်လုံးညောင်းတယ်
ငါဆိုတဲ့ကောင်က ရေထဲမှာအနည်ပါရင်တောင်
ဆယ်ထုတ်ဖို့ ဆန္ဒမရှိဘူး…

သုညဆိုတဲ့ ကိန်းဂဏန်းကို
ငါ့ကိုငါ ဆင်မြန်း
အခန်းထောင့်လေးမှာ နေခဲ့တာပါ
တန်းဖိုးတတ်ဖို့အတွက် သူများနောက်မနေခဲ့ဘူး…

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ…

အရေးမပါတာတွေကို အရာပေး
ကလေးသာသာ အတွေးတွေနဲ့
ငါ့ကို အိပ်မက်တွေသိပ်မပေးပါနဲ့
ငါအိပ်ရေးပျက်လွန်းလို့ပါ…

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

hin,,,
hote par bu naw,,,
sate chan tar aung htar par de.
ka lay san de loh pyar par ne,,d lo pe nay tat loh par.
ka lay san de lo phyit pay me koh chit thu ko dot lu g 1 yout lo tan phoe htar tat par de,
hint…

commentinfo By: ei lay at Dec 21, 2011
Comment #2

အရေးမပါတာတွေကို အရာပေး
ကလေးသာသာ အတွေးတွေနဲ့
ငါ့ကို အိပ်မက်တွေသိပ်မပေးပါနဲ့
ငါအိပ်ရေးပျက်လွန်းလို့ပါ…
အဲဒီစာသားလေးကိုပိုကြိုက်တယ်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 21, 2011
Comment #3

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ…

Comment #4

ဲမြင်တွေ့နေရတဲ့ အပြုံးတွေကို
အတုနဲ့အစစ်ခွဲဖို့ ငါ့မျက်လုံးညောင်းတယ်

ကဗျာလေးကကောင်းတယ်..

commentinfo By: ဖူးမေ at Dec 21, 2011
Comment #5

ကောင်းပါတယ်..ကဗျာတွေကိုခံစားတတ်ပါတယ်ကိုယ်တိုင်ရေးချင်တယ်နည်းလေးပြောပြပါလား
အဲလိုလေးရေးတတ်ချင်တာပါ…တော်တယ်နော်

commentinfo By: nguwhar at Dec 21, 2011
Comment #6

ကောင်းတယ်နော် အားပေးလျက်

ယုန်လေး

commentinfo By: yonlay at Dec 21, 2011
Comment #7

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ…

commentinfo By: Titan at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment