Professional Authors

အရာရာ…ကုန်ဆုံးခြင်း(genius)

အရမ်းယုံလို့ ချစ်ခဲ့တာ
မဟုတ်ပါဘူး…
အရမ်းချစ်လို့ ယုံခဲ့တာပါ။
အပြစ်ရှိတယ် ဆိုတော့လည်း
အပြစ်ရှိတယ်ပေါ့..။
ပြန်ဆုံမယ့်ရက်ကို
စောင့်ကြိုနေရအောင်လည်း
မျှော်လင့်ခြင်းများ
ပေးမထားခဲ့ဘူး။
မလိုချင်လို့ ခါချ
မခေါ်ချင်လို့ခြေရာ
ဖျောက်….ပျောက်ခဲ့ပြီပဲ။
အတိတ်ကို အတိတ်သာထား
ပြန်လည်မနိုး ပါရစေနဲ့။
ကြွေနေဆဲ ရက်များထဲ
“သတိရခြင်း” ဆိုတဲ့
စကားလုံးပုံပြင်တွေ
မကြားပါရစေနဲ့…တော့။
သူ..ပြောတဲ့ပုံပြင်တွေ
ပြန်လည်ကြားယောင်တိုင်း
ငါ့…ညတွေ
ငိုပွဲဆင်ရလွန်းလို့ပါ။

In: ကဗျာ Posted By: Date: Dec 20, 2011
Comment #1

xo nice !

commentinfo By: sharon myorr myor at Dec 20, 2011
Comment #2

သူ..ပြောတဲ့ပုံပြင်တွေ
ပြန်လည်ကြားယောင်တိုင်း
ငါ့…ညတွေ
ငိုပွဲဆင်ရလွန်းလို့ပါ
အားပေးသွားတယ်မောင်လေး

commentinfo By: ဆည်းဆာ at Dec 20, 2011
Comment #3

hin….
tu tu be,
tu tu be,

commentinfo By: ei lay at Dec 20, 2011
Comment #4

ကျေးဇူးတင်ပါတယ်။အားပေးတဲ့သူငယ်ချင်းများ

commentinfo By: poem.poem28 at Dec 21, 2011
Comment #5

သူ..ပြောတဲ့ပုံပြင်တွေ
ပြန်လည်ကြားယောင်တိုင်း
ငါ့…ညတွေ
ငိုပွဲဆင်ရလွန်းလို့ပါ။
အားပေးနေတယ် ညီ…။

Comment #6

Great ဗျာ Great ~~

commentinfo By: X - ray at Dec 22, 2011
Comment #7

read & feel again

commentinfo By: ei lay at Jul 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment