Professional Authors

သို့…… လေပြေ

မကျေနပ်လျှင် ပြန်တိုက်ပါကွယ့်
ရန်ကြိုက်တဲ့ လေပြေငယ်
မတန်လိုက်ကွယ့် တေလေရယ်
နွေအခါ ဘယ်မှာမြူး။

တောင်ပြိုမည့်လေ သယ်လာကာ
တကယ်ပါ တိုက်လို့ဖြုံဘူး။

ကျွန်သာသာ ပညာဥာဏ်နဲ့
ယှဉ်လာပြန် သူ့ဂုဏ်ထူးကို
အစာကျယ် ဖော်ကာကျူးလေတော့
မှုပါဘူး လေပြေရယ်။

အစဉ်သာလျှင် သင်မနိုင်လို့
မယှဉ်ပြိုင်ဖို့ မှတ်သင့်တယ်။

ဘုံအဆင့်တွေနှင့် အမြင့်ဝယ်
တင့်တယ်တယ် မဆိုဝံပါဘူး
နဂိုပိုင် ပညာဂုဏ်ရောင်နဲ့
နေသွေးလို့ပြောင်။

အသက်သေတောင် မဟာဂုဏ်ဆောင်လို့
ကမ္ဘာတုန်အောင် ကြွေးကြော်ချင်ပါရဲ့လေး..။   ။

                                                      ဇော်သက်ဦး

In: ကဗျာ Posted By: Date: Dec 20, 2011
Comment #1

ကောင်းလိုက်တဲ့ကဗျာ……..ဒါကြောင့်အမြဲရေးဖို့တိုက်တွန်းတာပေါ့…..

commentinfo By: May Kha at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment