Professional Authors

ရာသီလွဲပြီး ပွင့်တဲ့ပန်း (ကြယ်စုတ်ကြယ်ပဲ့)

မိုးခေါင်လို့ တီးခဲ့တာမှမဟုတ်တာ.
ငါဆိုတဲ့အကောင်က
ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် အလုံပိတ်
ကိုယ့်ခန္ဓာကိုယ်ပြန် သင်္ဂြုလ်ချင်တဲ့ကောင်..။

မြေစမ်းဖို့ ပျိုးခဲ့တဲ့ခရမ်းမဟုတ်ခဲ့ပေမယ့်
ကိုယ့်ကို တကယ်နမ်းလိမ့်မယ်လို့
မမျှော်လင့်ခဲ့ရိုးအမှန်ပါ..။

ဖွင့်ပေးမှာရော ..
ငြင်းဆန်မှာပါ ကြောက်လျှက်နဲ့
တံခါးခေါက်ချင်နေတဲ့လူတယောက်ကို
နင်..
မမြင်ချင်ယောင်ဆောင်နေပေးပါ….။

စိတ်ချပါ
ဒီပန်းကို ငါကိုယ်တိုင်
ကြိုးစင်တင် မီးရှို့ ပါ့မယ်။

ကြယ်စုတ်ကြယ်ပဲ့

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

အရမ်းမိုက်တယ်
စကားလုံးကိုပြောတာပါ။
ဆက်ရေးနော်
အမြဲအားပေးလျက်

commentinfo By: angel at May 26, 2010
Comment #2

အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်…
ဆက်ရေးဖို့ ကြိုးစားနေတုန်းပါ..

commentinfo By: kyalsote at Jun 3, 2010
Comment #3

good

commentinfo By: MoeTain at Jun 4, 2010
Comment #4

ဂွတ်… ယူသွားပြီ.. ခွင့်ပြု

commentinfo By: ဇွန် at Jul 20, 2010
Comment #5

အရမ်းလှတ၇် သုံးထားတာရော ခိုင်းနှီုင်းတာတွေရော
ကဗျာဆရာ

commentinfo By: ayayethi at Aug 29, 2010
Comment #6

i like this poem\

commentinfo By: နွေ at Sep 20, 2010
Comment #7

ဝိုး……………………….
ဒီကဗျာလည်း ဂွတ်တယ်။

commentinfo By: layykyoe at Jan 3, 2011
Comment #8

မိုက်တယ်နော်..ဖတ်လို့ လဲကောင်းတယ်..အသုံးနှုံးလေးလဲမိုက်တယ်..အောင်မြင်ပါစေ

commentinfo By: yinmar at Mar 9, 2012
Comment #9

မိုးခေါင်လို့ တီးခဲ့တာမှမဟုတ်တာ.
ငါဆိုတဲ့အကောင်က
ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် အလုံပိတ်
ကိုယ့်ခန္ဓာကိုယ်ပြန် သင်္ဂြုလ်ချင်တဲ့ကောင်..။

မြေစမ်းဖို့ ပျိုးခဲ့တဲ့ခရမ်းမဟုတ်ခဲ့ပေမယ့်
ကိုယ့်ကို တကယ်နမ်းလိမ့်မယ်လို့
မမျှော်လင့်ခဲ့ရိုးအမှန်ပါ..။
ကျွန်တော်နှစ်သက်မိလွန်းပါ၏

commentinfo By: အသဲကွဲမိုး at Jul 4, 2012
Comment #10

love it

commentinfo By: someone at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment