Professional Authors

ဆရာမင်းလူ၏ နှစ်သက်မိသော ကဗျာများထဲမှ အမည်မသိ ကဗျာတပုဒ်

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။

မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။

ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။

တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏။ ။

In: ကဗျာ,မင်းလူ Posted By: Date: Dec 19, 2011
Comment #1

Very nice, poem…I like it!

commentinfo By: Thet Kalayar at Dec 30, 2011
Comment #2

မှန်လိုက်တာ………

commentinfo By: May Kha at May 21, 2012
Comment #3

I like it too.He’s one of my favorite.

commentinfo By: Hlaing Myoe at Jun 11, 2012
Comment #4

I know the title.
The title is “ရီလေတီဗီတီ သီအိုရီ”
Relativity Theory

commentinfo By: nwayoonaing at Sep 26, 2012
Comment #5

မှန်လိုက်လေ

commentinfo By: loafer at Nov 11, 2012
Comment #6

ကြီုက်သွားပါသည်..။

commentinfo By: 13th at Dec 4, 2012
Comment #7

Very nice, poem…

commentinfo By: Snow Queen at Jul 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment