Professional Authors

ကျွန်တော့် မှတ်တမ်း…………

ကောင်ကင်က ကြယ်စင်
မြေပေါ်သို့ ဆင်းခသလား…..။
လှပတဲ့ ပန်းတပွင့်
လေအပင့် မြေမခခင်
ယုယစွာခူး
သူမ ရဲ့ ကေသာဦး
ကျွန်တော် ယုယစွာပန်ပေးဖူးလေရဲ့…….
ယုယစွာပိုက်ထွေး
နူးညံနွေးထွေးတဲ့
အနမ်းအချို့ လေ
သူမ နဖူးလေးကို
ကျွန်တော်ယုယုယယ ပေးခဲ့ဖူးတယ်………
ချိန်းတွေ့ဖို့အပြေးကလေးလာ
မောလွန်းတဲ့သူမ
ရင်အဖို လှိုက်မောလို့
နှဖူးပြင်မှာ ဆို့နေတဲ့
ချွေးသီးတချို့
ကျွန်တော်ယုယစွာ သုတ်ပေးခဲ့ဖူးတယ်……
ပညာတွေသင်
ကျောင်းနေစဉ်က
မြင်ရတဲ့သူမမျက်နှာ
တ၀ကြီးကြည့်ရင်း
ကြင်နာသောကြက်ဥ
ချစ်တာကအနှစ်မို့
ကြက်ဦးအနှစ်ကို ဦးဦးဖျားဖျား
သူမစားဖို့ ကျွန်တော်ယုယု ယယ ခွံပေးဖူးခဲ့တယ်……
မျက်ဝန်းရဲ့မျက်ရည်
ကျွန်တော်ပုခုံးထက်မှာပေချေပြီ
လိမ္မာလွန်းတဲ့သူမ
ခေါင်းညိမ့်တတ်တဲ့သူမ
ချစ်စရာကောင်းတဲ့သူမ
ကျွန်တော်ရင်ခွင်ကိုထုပြီး
အဝေးသို့ပြေးချေပြီ
ကျွန်တော် နောက်ကလိုက်ပြီး
အရင်ကလို တယုတယ ချော့ချင်သော်လည်း
အခုတော့
သူမ ကို ကျွန်တော်မပိုင်တော့
သူမသည် ကျွန်တော့်ချစ်သူမဟုတ်တော့
သူမ ပေးတဲ့အခွင့်အရေးကို
ကျွန်တော်မယူခဲ့တာမဟုတ်
စွန့်လွတ်ခဲ့တာ
ဘာကြောင့်လည်းလို့
မမေးနဲ့
ကျွန်တော်မှာ အဖြေမရှိ
သေချာတာက
သူမကို ကျွန်တော်သေမလောက်ချစ်တယ်ဆိုတာပါပဲ………….။
ပျော်ရွှင်ပါစေ………………..ချစ်သူ………။

In: ကဗျာ Posted By: Date: Dec 18, 2011
Comment #1

unhappy ending so kyike bu.
d story g ka kaung bu.

phat loh kaung de,
kar yan lay le kike de.

commentinfo By: ei lay at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment