Professional Authors

လမ်းခွဲ (နှင်းဆီဆူး)

အနမ်းတွေပြန့်ကျဲတဲ့
ဒီဒိုင်ယာရီလဲ
မင်းဆုတ်ဖြဲတာနဲ့
ကုန်ပြီ။

ပန်းတွေပျိုးပျိုးပေးတဲ့
ငါ့အသည်း
အချစ်တွေခမ်းလို့
နွမ်းကုန်ပြီ။

စူးခနဲဝင်လာတဲ့
နာကျဉ်ခြင်းတွေနဲ့အတူ
ငါဟာ မင်းရှေ့
ဒူးမထောက်လိုက်မိဖို့အတွက်
ငါ့ဝိဥာဉ်တွေငါ
သတ်လိုက်ရတယ်။

ကဲ…
တိုးတိုးလေးနေစမ်း
ဒီမှာအလွမ်းတွေကို
ချော့သိပ်နေလို့…
ခြေသံခပ်ဖွဖွနဲ့
လာရာလမ်းအတိုင်း
အမြန်ပြန်ကြွ
နောင်ခါ
အချစ်ဆိုတာနဲ့
နီးစပ်တဲ့အရာတောင်
ငါ့ဆီကဘယ်တော့မှ
မင်းပြန်မရစေရဘူး
စိတ်ချ။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 19, 2010  
Comment #1

ကဲ…
တိုးတိုးလေးနေစမ်း
ဒီမှာအလွမ်းတွေကို
ချော့သိပ်နေလို့…
ခြေသံခပ်ဖွဖွနဲ့
လာရာလမ်းအတိုင်း
အမြန်ပြန်ကြွ
နောင်ခါ
အချစ်ဆိုတာနဲ့
နီးစပ်တဲ့အရာတောင်
ငါ့ဆီကဘယ်တော့မှ
မင်းပြန်မရစေရဘူး
စိတ်ချ။

commentinfo By: May Kha at Feb 18, 2012
Comment #2

arr pay twar par d..

commentinfo By: ei lay at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment