Professional Authors

အပြစ် (နှင်းဆီဆူး)

တစ်သက်တာ
ထာဝရ
မလွှဲသာတောင်
မကွဲစေရတဲ့
ခုတော့…
အရာရာဟာသာတွေပါပဲလား။

မင်း…အသံလွင်လွင်နဲ့…
အော်ရယ်ပစ်လိုက်စမ်းပါ
မင်းရယ်သံကြားမှာ
ငါမိုးတွေရွာမယ်။

အနှောင်အဖွဲ့ကင်းအောင်
ရှောင်ဖယ်ပြေးလို့မှမရခဲ့တာပဲ…။
သိစိတ်မသိစိတ်
အလိုလိုဖြစ်လာတဲ့
သံယောဇဉ်တွေကို
ဘယ်လိုမှမမျိုသိပ်နိုင်ခဲ့တော့
ကိုယ့်ထိုက်နဲ့
ကိုယ်ကံပေါ့။

အတိတ်ဖြစ်လာမယ့်
ပစ္စုပ္ပုန်
အနာဂတ်မဖြစ်လာမယ့်
အိပ်မက်တွေကို
ငါတစ်ယောက်ထဲ
ဇွတ်မက် ခဲ့မိသလား
ခုဆို..
အရာရာ အလွဲလွဲအမှားမှားနဲ့
စိတ်ကူးနဲ့လက်တွေ့
အတော်ကိုကွဲပြားတယ်။

ချစ်မိခြင်းအပြစ်
အဆိပ်နဲ့ထွင်းတဲ့
အတိတ်တွေကို
မျက်ရည်စတွေနဲ့
ဆေးကြောပစ်လို့သာရမယ်ဆိုရင်…။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 19, 2010  
Comment #1

အတိတ်ဖြစ်လာမယ့်
ပစ္စုပ္ပုန်
အနာဂတ်မဖြစ်လာမယ့်
အိပ်မက်တွေကို
ငါတစ်ယောက်ထဲ
ဇွတ်မက် ခဲ့မိသလား
ခုဆို..
အရာရာ အလွဲလွဲအမှားမှားနဲ့
စိတ်ကူးနဲ့လက်တွေ့
အတော်ကိုကွဲပြားတယ်။…………………… 🙂

Nice !!!!!!!!!!!!!!!!!!!!!!!!!1111

commentinfo By: sittminthu at Jun 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment