Professional Authors

မငြိမ်းချမ်းရေး အတ္တ

ခေါင်းကိုက်နေတဲ့ မနက်ခင်းတစ်ခုဟာ
လက်ဆယ်ချောင်း မပြည့်တဲ့ ထင်းရှူးပင်တွေကြား ခေါင်းပြူနေတုန်း
အသူရကန် ရဲ့ မနက်ခင်းတေးသွားနဲ့
နံစော်ခဲ့တဲ့ ငါ့ညကို ကန်ထုတ်လိုက်ပါတယ် . . . .

ဝင်ရိုးစွန်း ဘက် ဦးတည်ပြီး
ကမ္ဘာကြီးငြိမ်းချမ်းပါစေ ကြောင်း ဆုတောင်းခဲ့သူ ငမိုက်သားအတွက်
ပိုလာ ၀က်ဝံတစ်ကောင် ရဲ့ အိပ်မက်မှာ
ဖျံ မကျခဲ့တဲ့ ငါးတစ်ကောင်
မလွတ်လပ်ရာ အတွက် အသက်ပေးသွားခဲ့ . . . .

ပျော်ရွှင်ရာကိုသာ မျှော်မှန်းတတ်ခဲ့လို့
ခွေးဖြူ ဖြစ်သွားတဲ့ အကြိမ်တွေ အတွက်ဆို
မာန်ဖီခဲ့ရတဲ့ ငါ့အဖြစ်တွေက
အရိုးပဲ ကျွေးတတ်တဲ့ သခင်အတွက်
လက်ပြန်ကိုက်တတ်တဲ့ ခွေး . . . .

ငါ ဟာ ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းရင်း နဲ့
လိုတာထက်ပို မောချင်ယောင်ဆောင်ခဲ့မိပါတယ်
တကယ် လက်တွေ့ ချွေးထွက်ခဲ့တော့
လိုတာထက်ပို နာကျင်တတ်ခဲ့
လိုတာထက်ပို ခံစားတတ်ခဲ့
ကမ္ဘာ ပေါ်မှာ ကံအဆိုးဆုံးသူ
အတ္တ ဟာ ခေါင်းစဉ် တစ်ခုဖြစ်ခဲ့ရင် . . . .

အို . . . . အသင် ကမ္ဘာကြီး
ကျွန်တော် ဟာ ကျွန်တော့် ရဲ့ ပိုင်ဆိုင်ရာ ကမ္ဘာငယ်ထဲ
သမ္မတ လည်းဖြစ်ခွင့် ရှိသင့်ပါတယ် . . . . ။

In: ကဗျာ Posted By: Date: May 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment