Professional Authors

“ သူမပြောတဲ့ ဒဿန ”

စိတ်ပါသည် ဖြစ်စေ
မပါသည် ဖြစ်စေပေါ့
“ သူတို့ကိုဖျော်ဖြေပြမှ
ဒီဘ၀က ထမင်းနပ်မှန်တာပါ ”

အလုပ်သမဟန်နဲ့
ဆိုင်ရဲ့ လူကြိုက်နဲတဲ့အဖြည့်ခံဘ၀ဆိုတော့
“ မန်နေဂျာလည်း ကြောက်ရတာပေါ့
ဝိတ်တာတွေလည်း ကြောက်ရတာပေါ့
ဆိုင်ရှင်နဲ့ စားသုံးသူဆိုရင်တော့
ပြောစရာမလိုလောက်အောင်ပါပဲ ”

တာဝန်ခံနဲ့ ၀ိတ်တာတွေကအစ
သန့်ရှင်းရေးဝန်ထမ်းအဆုံး
တစ်လှည့်စီ အသုံးချခံနေကြရ
“ ကျွန်မအလှည့်က ဘယ်တော့များလဲ
စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေရဆဲပါပဲ ”

“ မတော်မတရားဟန်တွေ မြင်နေရမှတော့
ဆက်မလုပ်နဲ့တော့ပေါ့ ”
ကျွန်တော့်ရဲ့ ခပ်ပေါ့ပေါ့စကားအဆုံး
သူမက ခပ်မဲ့မဲ့ပြုံးလို့ …

“ ဒီအလုပ်က ဘ၀အတွက်အန္တရာယ်ရှိပေမယ့်
ငွေမရှိရင်လည်း ဘ၀အတွက်အန္တရာယ်ရှိတာပါပဲ ” တဲ့
သူမရဲ့ ဘ၀နဲ့ရင်းတဲ့စကားသံ . . . . .

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

စိတ်ပါသည် ဖြစ်စေ
မပါသည် ဖြစ်စေပေါ့
“ သူတို့ကိုဖျော်ဖြေပြမှ
ဒီဘ၀က ထမင်းနပ်မှန်တာပါ ”

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment