Professional Authors

မျက်ရည်တွေနဲ့ရေးတဲ့ ချစ်သူ့အတွက်အိပ်ယာဝင်တေး

အဲဒီ့ ညက …
နင့် မျက်ဝန်းမှာဖွဲ့တဲ့ငွေ့ရည်တွေနဲ့
ငါ့ရဲ့ ရင်ခွင်တစ်ခုစာမှာ
မိုးဖြိုင်ဖြိုင် ရွာချသွားတယ် ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ကြယ်နဲ့လ ကလည်း
တို့နှစ်ယောက် အရှုံးအတွက်
တိမ်တိုက်ထုတွေရဲ့ အောက်မှာပုန်းနေခဲ့တယ် ။

မငိုပါနဲ့ ကောင်မလေးရယ် …
မငိုပါနဲ့ …
မငိုပါနဲ့ …
မငိုပါနဲ့တော့ ကောင်မလေးရယ် …

ဆောက်လိုက်တိုင်းသာ တောင်ဖြစ်နေရင်
ဘယ်သက္ကရာဇ်က မှောင်မှာလဲ
ငါတို့ ဘ၀ကခပ်ကျဲကျဲ ဆိုပေမယ့်
မှောက်ထားတဲ့ ၀ှက်ဖဲတစ်ချပ်နဲ့
ခပ်ရဲရဲ ပြောခဲ့ချင်တာက
အဆုံးသတ်မှာ အနိုင်ရလိမ့်မယ် ။

ဟော … ပြောရင်းဆိုရင်း
ကြယ်ကလေးတွေတောင် ပြုံးတတ်လာကြပြီ … ။
လ၀န်းကြီးလည်း လင်းလက်လာပြီ … ။

တိတ်ပါတော့ ကောင်မလေးရယ် …
လေညှင်းလေးနဲ့ နင်အိပ်ရအောင်
ငါ့ ရင်ခွင်မှာအိပ်ယာခင်း
နင်မနိုးမချင်း …
ဒီ ကဗျာနဲ့မိုးလင်းစေပါ့မယ် ။

နံနက်ခင်းကတော့
တစ်ခဏတာ ခွဲခွာခြင်းအတွက်
နင် ငါ့ကိုနှုတ်ဆက်နိုင်အောင်
အလွမ်းရင့်ရောင် အကျီ င်္ ၀တ်လို့
တစ်နေ့နေ့မှာ ပြန်ဆုံဖို့ဆုတောင်းပေးနေလေရဲ့ …

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

thz so much.

commentinfo By: ei lay at Dec 17, 2011
Comment #2

အာပါးပါ။။။။။။။။။။အရမ်းလန်းတယ်……………:P

commentinfo By: May K ha at Dec 17, 2011
Comment #3

ခေါင်းစဉ် က အစ..အဆုံးထိ အားလုံးကြိုက်တယ်

commentinfo By: မိုးမိုး at Dec 17, 2011
Comment #4

share မယ်နော်

commentinfo By: မိုးမိုး at Dec 17, 2011
Comment #5

အားပေးကြတာကျေးဇူးပါခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Dec 18, 2011
Comment #6

ခံစားမှုလေး လန်းလွန်းတယ်….

Comment #7

read 3 times.

commentinfo By: ei lay at May 4, 2012
Comment #8

မျက်ရည်တွေနဲ့ရေးတဲ့ ချစ်သူ့အတွက်အိပ်ယာဝင်တေး ……………..

နှစ်သက်ခြင်းများစွာဖြင့်

commentinfo By: အသဲကွဲမိုး at Jan 24, 2013
Comment #9

So much touching

commentinfo By: ei lay at Jan 24, 2013
Comment #10

Plz make a sweet lovely song for me.

commentinfo By: ei lay at Jan 28, 2013
Comment #11

ဘယ်တော့ဖတ်ဖတ်မရိုးနိုင်တဲ့ ကဗျာလးတစ်ပုဒ်

commentinfo By: Dino at Feb 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment