Professional Authors

သတိရခြင်း အခမ်းအနား(၆)

သတိရခြင်းတွေပေါ့ အိန်ဂျယ်
ဝေးလည်း ဝေးခဲ့ကြပြီ
အဆက်အသွယ်လည်း ပြတ်ခဲ့ကြပြီ
ကြာလည်း ကြာပါပြီ
ပြီးလည်း ပြီးသွားပါပြီ
မေ့မယ်ဆိုရင်လည်း မေ့လောက်ပါပြီ

သို့ပေမယ့်
မင်းရဲ့အပြုံး
ဒီမျက်လုံးထဲမှာလေ
အမြဲမြင်ယောင်နေတယ်
မင်းလေးရဲ့ အကြည့်
အခုထက်ထိ ငါရင်ခုန်၏
မင်းရဲ့ (အချိုသာဆုံး) စကားလုံးများ
ဒီနားထဲ ကြားယောင်ဆဲ
ဘယ်လို ထုတ်ပစ်ရမလဲ။
ထင်ကျန်ဆဲပါ လုံးဝပဲ ဖျောက်ပစ်လို့ မရတော့ဘူး
မင်းလေးရဲ့ အကြောင်း
စတွေးမိတိုင်း ငါ့ရင်ဘတ်က
ပူနွေးဆဲပါ။
———————-
အချိန်ကို နောက်ပြန်ဆုတ်ပေးလို့ရရင်
မင်းကို စတွေ့တဲ့နေ့လေးရောက်တဲ့အထိ
နောက်ပြန်ဆုတ်ပေးစေချင်တယ်။

အားလုံးဟာ မနေ့ကအတိုင်းပါပဲ
ဖြစ်စေချင်တယ်
သို့ပေမယ့်
စိတ်ကူးသက်သက်တွေနဲ့
နေ၀င်သွားသည်။
အိန်ဂျယ်
တစ်ခါ သတိရတိုင်း
ငါ့ရင်ဘတ်မှာ ပန်းတစ်ပွင့် ပွင့်လို့
အခုဆို
ငါ့ရင်ဘတ်က ပန်းဥယျာဉ်ဖြစ်နေပြီ
အလည်တစ်ခေါက်လာခဲ့ပါလား
နင့်မြင်ကြည့်လှည့်ပါလား
ပန်းပွင့်တွေ သိပ်လှလို့။
ဟိုးတစ်နေ့က
လပြည့်ညကို ငါ ပြန်သတိရတယ်
မြင်ရလား အိန်ဂျယ်
အဲဒီညက
လကြတ်တာလေ
ဘယ်လောက်ကြာသွားမှန်းမသိဘူး
ငါ အိပ်ပျော်သွားတယ်။
အခုဆိုရင်
ငါ့ရင်ဘတ်က ပန်းဥယျာဉ်ကြီးလေ
အရမ်းကို ခမ်းခမ်းနားနားဖြစ်နေပြီ သိလား………….
But
Not for sale
အမြန်ပြန်လာပါ
ဒီ့ထက် ခမ်းခမ်းနားနား မဖြစ်ခင်ပေါ့
ဘာ့ကြောင့်ဆို နင့်ကို သတိရဖို့
ငါ့ရင်ဘတ်မလောက်တော့လို့
တစ်ခါ သတိရတိုင်း
ကြယ်တစ်လုံးကြွေဆို
ကြယ်စင်တွေ ဘယ်နားကြွေတော့မလဲ
ဘာဖြစ်ဖြစ်
နင်ပြန်လာဖို့ အချိန်မလွန်သေးဘူး။

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

so so nice.
heart hti de,,,

commentinfo By: ei lay at Dec 14, 2011
Comment #2

အချိန်ကို နောက်ပြန်ဆုတ်ပေးလို့ရရင်
မင်းကို စတွေ့တဲ့နေ့လေးရောက်တဲ့အထိ
နောက်ပြန်ဆုတ်ပေးစေချင်တယ်။

commentinfo By: May Kha at Dec 15, 2011
Comment #3

အမြန်ပြန်လာပါ
ဒီ့ထက် ခမ်းခမ်းနားနား မဖြစ်ခင်ပေါ့
ဘာ့ကြောင့်ဆို နင့်ကို သတိရဖို့
ငါ့ရင်ဘတ်မလောက်တော့လို့
တစ်ခါ သတိရတိုင်း
ကြယ်တစ်လုံးကြွေဆို
ကြယ်စင်တွေ ဘယ်နားကြွေတော့မလဲ
ဘာဖြစ်ဖြစ်
နင်ပြန်လာဖို့ အချိန်မလွန်သေးဘူး။
ထပ်တူခံစားအားပေးသွားပါတယ်။…

commentinfo By: poem.poem28 at Dec 15, 2011
Comment #4

လာအားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်။
Thanks all !!

commentinfo By: gadounlay at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment