Professional Authors

မင်းနားကြားလွဲပေးပါ။

ဒို့အသဲက ထိကရုံးပင်လေးလိုပါ
လာမကစားပါနဲ့လား
Don’t touch me !
Touch me not   !
ထိကရုံး
မင်းရဲ့ ရှေ့မှာဆို
နားရွက်ကလေးတွေ ပူထူပြီး
ငါဟာ
စကားလုံးတွေ ဆွံ့အသူပါ။
ဒါဟာ
ငါ့အဖြစ်ပါ။
သို့ပေမယ့် 
နင် သိလို့မဖြစ်ဘူး
ဒါပေမယ့် 
နင် သိထားဖို့က
ငါ…နင့်ကို…….တယ်။

ကျေးဇူးပြု၍
ငါ့အနားကို လာမတိုးပါနဲ့
ငါ့ရင်ခုန်သံတွေ
နင်ကြားသွားမှာ စိုးလို့ပါ
ကျေးဇူးပြု၍
စကားပြောရင် သွယ်ဝိုက် မပြောပါနဲ့
ပရိယာယ် တွေကြောက်ရွံ့လို့ပါ
ကျေးဇူးပြု၍
တစ်ထောင့်ငါးရာအကြောင်း
စကားလာမစပါနဲ့
ငါလည်း အဲဒီအကြောင်း
စကားစမိရင်
မင်းနားကြားလွဲပေးပါ။
ကျေးဇူးပြု၍
ငါ့အသဲကို လာမကစားနဲ့
ဒို့အသဲက ထိကရုံးပင်လေးမို့လို့ပါ။

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

har,,,,.
shin be lo lu tone,..
a te tway yar lar p naw.

commentinfo By: ei lay at Dec 14, 2011
Comment #2

ဟာ….ကြိုက်သွားပြီးကွာ…
ခံစားအားပေးသွားပါတယ်။ကျေးဇူးပြု၍
ငါ့အနားကို လာမတိုးပါနဲ့
ငါ့ရင်ခုန်သံတွေ
နင်ကြားသွားမှာ စိုးလို့ပါ

commentinfo By: poem.poem28 at Dec 14, 2011
Comment #3

ကြိုက်တယ်ဗျာ..။
တစ်ပုဒ်လုံးကို ကြိုက်တာ..။
နောက်လဲ အားပေးနေမယ်ဗျာ…။

Comment #4

ချစ်စရာကောင်းတဲ့ကဗျာလေးပါပဲ

commentinfo By: အသဲကွဲမိုး at Dec 14, 2011
Comment #5

အားလုံးကိုကျေးဇူးပါ။ Gadounlay

commentinfo By: ကတုံးလေး at Dec 14, 2011
Comment #6

ငါသေလို့ရဒယ်ကွာ..
ကဗျာလေးအရမ်းလှပါဒယ် ~

With respect,
RAY

commentinfo By: X - ray at Jul 25, 2014
Comment #7

စကားပြောရင် သွယ်ဝိုက် မပြောပါနဲ့
ပရိယာယ် တွေကြောက်ရွံ့လို့ပါ
ကျေးဇူးပြု၍
တစ်ထောင့်ငါးရာအကြောင်း
စကားလာမစပါနဲ့
ငါလည်း အဲဒီအကြောင်း
စကားစမိရင်
မင်းနားကြားလွဲပေးပါ။
ဒီပုဒ်လေး ကြိုက်တယ်ဗျာ 🙂

commentinfo By: raingirl at Jul 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment