Professional Authors

ကျွန်တော် ရဲ့ ရုပ်ရှင်ဇာတ်လမ်း

မျောလွင့်တဲ့အတွေး
မျောလွင့်တဲ့အငေးတွေနဲ့
အတိတ်က ဇာတ်လမ်းတချို့
ဘယ်သူရေးသွားမှန်းမသိ
ဘယ်သူရိုက်သွားမှန်းမသိ
သို့ပေမယ့်
ငါ့ဦးနှောက်ထဲ မှာ မှတ်မိနေ၏…………..။
မင်းသမီးက မင်း
အဟဲ ဒါဆို မင်းသားက
ငါမဟုတ်သည်ကတော့ သေချာသည်….။
ငါ့သူငယ်ချင်းလေ………….
ပုံစံမိုက်တဲ့
ဒီဇိုင်းလန်းတယ်
စွဲဆောင်မှုရှိတဲ့
မင်းတို့နှစ်ယောက်အချင်းချင်း ကြိုက်တာက
မဆန်းပါဘူး
ဒါဆိုဘာဆန်းတာလဲ
ဆန်းတာက ငါလေ………..
ဖြစ်လေမလား ဆိုတဲ့ပန်း
ငါ့ရင်ထဲ မှာ လှလှကြီးပွင့်
ငါ့ခေါင်းမှာ ထုတ်ပန်
ဘယ်သူက ရူးတယ်ပြောပြော
ဂုဏ်တွေယူလို့
ငါ့သူငယ်ချင်းအတွက်
နင်ငါ့ကို ချဉ်းကပ်တာကိုငါလေ
သိသိကြီးနဲ့ကို
ပျော်လိုက်ရတာ…………..
နင့်စကားလေးတွေ
နင့်အပြုံးလေးတွေ
နင့် အမူအရာလေးတွေ
ဟိုကောင် မြင်မမြင်တော့မသိဘူး
ငါတော့ မြင်၏
ခံစားမိ၏………..။
သူငယ်ချင်းသံယောဇဉ်လေဗျာ
ဘယ်ယှဉ်လို့ရမလဲ
ချစ်ခြင်း အရသာကို
ပျော်ဖို့ကောင်းတယ်
လျှောက်လည် ကြတဲ့နေ့ရက်တွေ
နာရီတွေ
ဇာတ်လမ်း တော့ ဇာတ်လမ်းပဲ
ဒါပေမယ့် pause ဖမ်းလို့မရတဲ့
ဇာတ်လမ်း………
နောက်ဆုံးတော့လည်းလေ……..
မင်းရဲ့ တိုင်ပင်တဲ့စကား
တီးတိုးတဲ့စကား
မင်းပြောတဲ့စကား
မင်းညည်းတဲ့အသံလေး
မကြားချင်လို့
မင်းအကျီထုတ်ကလေးကို
ငါကိုယ်တိုင်ကိုင်
ငါ့သူငယ်ချင်းနောက်
ငါကိုယ်တိုင်ထည့်ပေးလိုက်ရပြီနော်……….။
အော်
ကျွန်တော် ပြောလိုက်တဲ့စကားရှိသေးတယ်
“မင်းတို့မင်္ဂလာဆောင် ငါ့ဖိတ်အုန်းနော်´´ တဲ့……..။

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

good film

commentinfo By: ei lay at Dec 13, 2011
Comment #2

where? the wedding .
Trader?
Sedona?

commentinfo By: sanday talk at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment