Professional Authors

ပြဇာတ်ထဲ သေသွားတဲ့ အိပ်မက် – ချီရွန် ( ပုလဲ )

ပြဇာတ်ထဲ သေသွားတဲ့ အိပ်မက်

 

ရည်းစားဟောင်းလေးရေ

ငါ့ မပြတ်သားမှုတွေက

မင်းအတွက်တော့

အဆိပ်ချွန်မြမြတွေ ဖြစ်နေပြီလား

 

ဆောရီးပါကွယ်

ငါ့ပင်လယ်နဲ့ငါ စီးမျောပေမဲ့

မင်းရဲ့ ကမ်းခြေမှာမှ ရိုက်ခတ်

လှိုင်းတွေရဲ့ အနံ့အသက်ကိုက

တဖက်သတ် ဆန်နေပြီ

 

မချစ်ချင်တော့ဘူးကွယ်

အသည်းခွဲခံရပါများတော့

ငါ့ရင်ဘတ်တောင် ငါ မယုံတော့ဘူး

 

ပြာကျသွားခါမှ

ဘယ်သူရှို့တဲ့ မီးလဲမေးရ

ငါလို ခပ်အအကောင်ကလည်း

မရဲဘဲ ကျွဲပြဲစီးချင်တယ်

 

မင်းအသံလေးကြားတိုင်း

ငါ့ သိမ်မွေ့ခြင်းတွေ ရိုင်းလာတတ်ပြီ

မင်းသိရဲ့လား ကောင်မလေးရယ်

လူမိုက်တွေရဲ့ ရာဇဝင်ကို

လူယဉ်ကျေးတွေ တီထွင်တယ်ဆိုတာ

ကျေးဇူးပြုပြီး ငါ့ကို လူမိုက်လို့ခေါ်ပါ

 

အားလုံးကို စွန့်လွှတ်ခံရမှတော့

ငါ သတိလည်း မရချင်တော့ပါဘူး

အို  …… အရှင်

တပည့်တော်အား အတိတ်မေ့ခြင်းကို ပေးသနားပါ

 

အသစ်တွေ ဝေဆာတဲ့

မင်း တိုင်းပြည်မှာမှ

ငါက တသက်စာ ဟောင်းခဲ့

ဒီလိုနဲ့ … …. … ဝေး

သွေးတွေလည်း ခြောက်လွင့်ကွဲကြေ

 

ယောက်ျားတစ်ယောက်ရဲ့ မာနခပ်အိုအိုနဲ့

ငါ နှလုံးအိမ်ကို တွန်းလှန်ဖြိုခွဲ

အထားအသိုများ လွဲလေမလားလို့

စကားပုံထဲက ရေ

သဲတွေကို ဆွဲငင်ခေါ်ဆောင်နေဆဲပါပဲလေ

 

တဖြည်းဖြည်းနဲ့ ငါ့ကဗျာတွေမှာ

ကာရံတွေကင်း

သစ္စာတွေသာ မီးပွင့်လို လင်းလာခဲ့

 

ကိုယ့်အသည်းကိုယ်ပိုက်

ခေါင်းငိုက်စိုက်နေလိုက်တော့

ဟောဒီတခန်းရပ်ပြဇာတ်

ငါ့ အိပ်မက်ကို

ရက်ရက်စက်စက် သတ်သွားတယ်။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

နှစ်သက်မိပါကြောင်း

commentinfo By: Number1Princess at May 19, 2010
Comment #2

အရမ်းနှစ်သက်မိပါတယ်..

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #3

ကိုယ့်အသည်းကိုယ်ပိုက်
ခေါင်းငိုက်စိုက်နေလိုက်တော့
ဟောဒီ တခန်းရပ်ပြဇာတ်
ငါ့ အိပ်မက်ကို
ရက်ရက်စက်စက် သတ်သွားတယ်

commentinfo By: MyoZin at Jan 15, 2012
Comment #4

နောက်တခေါက်..ထပ် ကွန်းမန့် ထားဖြစ်ခဲ့တယ်..ကိုချီ….ကဗျာလေးတကယ်နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #5

အားလုံးကို စွန့်လွှတ်ခံရမှတော့
ငါ သတိလည်း မရချင်တော့ပါဘူး
အို …… အရှင်
တပည့်တော်အား အတိတ်မေ့ခြင်းကို ပေးသနားပါ

မင်းသိရဲ့လား ကောင်မလေးရယ်
လူမိုက်တွေရဲ့ ရာဇဝင်ကို
လူယဉ်ကျေးတွေ တီထွင်တယ်ဆိုတာ
ကျေးဇူးပြုပြီး ငါ့ကို လူမိုက်လို့ခေါ်ပါ

commentinfo By: poohmay at Apr 6, 2012
Comment #6

ဆရာတာရာမင်းဝေ ကဗျာတွေ ဆက်မရေးနိုင်တာ့တဲ့အချိန်မှာ ဒီလိုကဗျာလေးတွေက အစားပြန်ရသလိုဘဲ..။ ကောင်းတယ်အကို

commentinfo By: TK at Oct 28, 2012
Comment #7

@__@
@__@
@__@

commentinfo By: ei lay at Oct 28, 2012
Comment #8

ဆောရီးပါကွယ်

ငါ့ပင်လယ်နဲ့ငါ စီးမျောပေမဲ့

မင်းရဲ့ ကမ်းခြေမှာမှ ရိုက်ခတ်

လှိုင်းတွေရဲ့ အနံ့အသက်ကိုက

တဖက်သတ် ဆန်နေပြီ

မချစ်ချင်တော့ဘူးကွယ်

အသည်းခွဲခံရပါများတော့

ငါ့ရင်ဘတ်တောင် ငါ မယုံတော့ဘူး…..

commentinfo By: နိုးဆက် at May 3, 2013
Comment #9

အားပေးသွားသူအပေါင်းကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။

commentinfo By: ChIr0N at May 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment