Professional Authors

ပြီးခဲ့ပြီးပြီ ဆိုတဲ့နောက်

ငွေ မက်မောမှု 
————မှု 
————မှု 
————မှု  
————မှု 
————မှု 
————မှု  တွေ
ဒို့နှစ်ယောက်ကြားမှာ ရှင်းလို့မရပြီမို့
ဒို့နှစ်ယောက် ရှေ့ဆက်ဖို့ ခက်ခဲပြီ။

ဒီတော့ … ဒီလိုနဲ့ ငါတို့ ပြီးပြီပေါ့။
xxxxxxxxxxxxxxxxxxx
မင်းနဲ့ငါ ရှေ့ဆက်နိုင်ဖို့
ဘယ်သူက ဘာကိုစတေး
ဘယ်သူက ဘာကိုပေးဆပ်
ဘယ်သူက ဘာကို ______
– xx xx xx xx xx xx xx xx xx –
ကျေနပ်လိုက်ကြရအောင်
ငါတို့လမ်းခွဲခြင်းမှာ 
နင့်နှလုံးသားလဲ ဘာအစွန်းအထင်းမှ မရှိဘဲ
ကျေနပ်လိုက်ပါတော့
ငါတို့လမ်းခွဲခြင်းမှာ
ဘယ်သူမှ မထိခိုက်စေချင်ဘူး။

ဆက်ပြီးတော့
လက်တွဲဖို့တာလည်း ဝေးပါပြီ
ပြီးခဲ့ပြီးပြီ ….
ပြီးခဲ့ပြီးပြီလေ ….

မတော်လို့ လမ်းမှာ ဆုံမိရင်လည်း
ပြီးခဲ့ပြီးပြီလို့ပဲ သဘောထားပါ
အရင်လို
အချစ့်မျက်ဝန်း
အကြင်နာအပြုံး
ချိုသာတဲ့ စကားလုံး 
(ဘာဘာညာညာ)ဒါတွေလည်း
ပြီးခဲ့ပြီးပြီ
အခုချိန်မှာလည်း ဒါတွေ မလိုအပ်တော့ပါဘူး
နင့်အတွက် သိပ်မခက်ခဲပေမယ့်
မြင်ရ ကြားရ ခံစားရတဲ့
ငါ့ကိုယ်ငါ သနားတယ်
ငါ့ နှလုံးသားက အပွန်းအပဲ့လွယ်လို့လေ …. ။

အင်းး..
ပြီးခဲ့ပြီးပြီဆိုတဲ့နောက်
ဒါမျိုး ကိုယ်မခံစားပါရစေနဲ့တော့
တွယ်မိတဲ့ သံယောဇဉ်မျက်နှာလည်း
မထောက်နဲ့တော့
ပြီးခဲ့တာတွေက
ပြီးသွားပြီလေ။

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

ပြီးခဲ့တာတွေက
ပြီးသွားပြီလေ။
ကတုံးလေး…..အားပေးသွားပါတယ်နော်

commentinfo By: အသဲကွဲမိုး at Dec 13, 2011
Comment #2

ဟုတ်ပါတယ်ဗျာ..ပြီးခဲ့တာတွေလည်းပြီးပါစေတော့ဗျာ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 13, 2011
Comment #3

p twar p lar?
myan like tar naw.
he,,he,,

commentinfo By: ei lay at Dec 13, 2011
Comment #4

Really?

commentinfo By: sanday talk at Dec 13, 2011
Comment #5

ကျေးဇူးပါ လာပေးတဲ့ အကို ၊ အမ များခင်ဗျာ။

commentinfo By: ကတုံးလေး at Dec 14, 2011
Comment #6

ကျေနပ်လိုက်ကြရအောင်
ငါတို့လမ်းခွဲခြင်းမှာ
နင့်နှလုံးသားလဲ ဘာအစွန်းအထင်းမှ မရှိဘဲ
ကျေနပ်လိုက်ပါတော့
ငါတို့လမ်းခွဲခြင်းမှာ
ဘယ်သူမှ မထိခိုက်စေချင်ဘူး။
ကောင်းတယ် ကတုံးရေ…..

Leave Comments

Name*

Email*
Website
Email me whenever there is new comment