Professional Authors

မပြောပါနဲ့

မပြောပါနဲ့
ဘ၀က တိုက်ပွဲ လို့….
အဲဒီ့ တဖါတ်သတ်တိုက်ပွဲတွေမှာ
တကိုယ်တော် သူရဲကောင်းမဖြစ်ချင်တော့လို့ပါ….။

မပြောပါနဲ့
အချစ်က ပျားရည်လို့
အဲဒီ့ ပျားရည်ရဲ့ ပြင်းရှမှုတွေကို…
ဆက်လက်ခံစားလိုစိတ်မရှိတော့လို့ပါ…….။

မပြောပါနဲ့
အိပ်မက်ဆိုတာတွေအကြောင်းကို
မျှော်လင့်ရင်းရူးတဲ့နေ့တွေကို…
ပြန်ပြောင်းသတိမရချင်တော့လို့ပါ……..။

မပြောပါနဲ့
အမှားရှိရင် အမှန်ရှိတယ် လို့….
ဘယ်တော့မှပြန်ပြင်ဆင်ခွင့်မရှိတော့တဲ့
တသက်စာအမှားတွေကို
မေ့လက်စနဲ့မေ့ထားလိုက်ချင်လို့ပါ…..။

In: ကဗျာ Posted By: Date: Dec 12, 2011
Comment #1

ဘာပြောရမှန်း မသိတော့ဘူး….
မပြောပါနဲ့ဆိုတော့…မပြောတော့ပါဘူးဗျာ
မစုနိုင် အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011
Comment #2

pyaw hmar pe,,,pyaw hmar pe…
pyin sin loh ma ya de a hmar so tar lone wa ma shi bu,,,,
ta tet sar a hmar so dar le lone wa pyin loh ya de,
koh kou ko pe mu te de.

commentinfo By: ei lay at Dec 12, 2011
Comment #3

မပြောပါနဲ့
အိပ်မက်ဆိုတာတွေအကြောင်းကို
မျှော်လင့်ရင်းရူးတဲ့နေ့တွေကို…
ပြန်ပြောင်းသတိမရချင်တော့လို့ပါ……..။ အရမ်းကြိုက်တယ်။

commentinfo By: sakura at Dec 12, 2011
Comment #4

မပြောပါနဲ့
အိပ်မက်ဆိုတာတွေအကြောင်းကို
မျှော်လင့်ရင်းရူးတဲ့နေ့တွေကို…
ပြန်ပြောင်းသတိမရချင်တော့လို့ပါ……..။

အဖြစ်ခြင်းတူနေပါတယ်ဗျာ…..
အားပေးသွားပါတယ်…တစ်ယောက်ထဲမဟုတ်ပါဘူးဗျာ.အများကြီးပါ…

commentinfo By: သက္ကရာဇ် at Dec 12, 2011
Comment #5

မပြောပါနဲ့
အချစ်က ပျားရည်လို့
အဲဒီ့ ပျားရည်ရဲ့ ပြင်းရှမှုတွေကို…
ဆက်လက်ခံစားလိုစိတ်မရှိတော့လို့ပါ…….။
စားသားလေးမိုက်တယ်….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment