Professional Authors

အလွမ်း၏ မြစ်ဖျားခံရာ

ဟိုတချိန်က မနီးစပ်ခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါတို့ဝေးကွာနေမှာမဟုတ်ဘူးနော်…..
ဟိုတချိန်က နင်ငါ့ကို ချစ်တယ်လို့မပြောခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါတို့ သူငယ်ချင်းတွေ ဖြစ်နေနိုင်သေးတယ်..
ဟိုတချိန်က ငါ့ဘယ်ဘက်ပါးပြင်ပေါ်မှာ
နွေးထွေးတဲ့ အငွေ့အသက်တွေ နင်မထားခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါ့နင့်ကို မေ့ပစ်ဖို့ကြိုးစားနေရမှာမဟုတ်ဘူး…
ဟိုတချိန်က နင့်ပုခုံးပေါ်မှာ
ငါ့ကိုမှေးစက်နားနေခွင့်မပေးခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါနင့်ကို လွမ်းနေရမှာမဟုတ်ဘူး…..
ဟိုတချိန်က ငါ့နှလုံးသားထဲကို နင်ဝင်လာဖို့မကြိုးစားခဲ့ ဖူးရင်
ခုချိန်မှာ ငါ့နှလုံးမှာ ကွက်လပ်တခု ကျန်ရစ်ခဲ့မှာမဟုတ်ဘူး…
ဟိုတချိန်က ငါ့ဘေးနားမှာ နင်အဖော်ပြုမပေးခဲ့ရင်
ခုချိန်မှာ ငါအထီးကျန်နေရမှာ မဟုတ်ဘူး အချစ်ရယ်……

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

ဟိုတချိန်က မနီးစပ်ခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါတို့ဝေးကွာနေမှာမဟုတ်ဘူးနော်…..
ဟိုတချိန်က နင်ငါ့ကို ချစ်တယ်လို့မပြောခဲ့ဘူးဆိုရင်
ခုချိန်မှာ ငါတို့ သူငယ်ချင်းတွေ ဖြစ်နေနိုင်သေးတယ်..

commentinfo By: May Kha at Dec 11, 2011
Comment #2

မှန်တာပေါ့…ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment