Professional Authors

အမျက်မရှိ

ဘယ်သူမှ မယူနိုင်တဲ့ ငါ့အတွေးရေလျဉ်
ခုဆို နင့်အကြောင်းပဲအမြဲရှိတယ်
ဘယ်သူ့အတွက်မှ မမက်ခဲ့တဲ့ ငါ့စိတ်ကူးအိပ်မက်
နင့်အတွက် ငါအမြဲမက်နေဆဲပဲ
ဘယ်သူမှ မသိမ်းပိုက်နိုင်တဲ့ ငါ့နှလုံးသား
နင်က တိတ်တိတ်လေး ခိုးဝှက်သွားတယ်
မျက်ရည်မကျတတ်တဲ့ ငါ
နင့်အတွက် တိတ်တိတ်လေး ငိုတတ်လာတယ်
ရေခြားမြေခြားမှာ ဝေးကွာနေတဲ့ ငါ
နင်ရှိမယ့်အရပ်ဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်
မာကျောတဲ့ငါ့စိတ်ဓါတ် နင့်အတွက်နဲ့
ပျော့ပြောင်းခဲ့ရတယ်….
ငါ့ရဲ့ ဟစ်ကြွေးမှုတွေ နင့်အတွက်ကြောင့်
ဟာသ တစ်ပုဒ်ဖြစ်ခဲ့ရတယ်…
မာန်မာနကြီးတဲ့ ငါ….
နင့်အတွက်တော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်ခဲ့ရတယ်..
နင်ချိုးဖျက်ခဲ့တဲ့ ငါတို့ရဲ့ကတိတွေ အိပ်မက်တွေအတွက်တော့
မမုန်းရက်ခဲ့ပါဘူး….ချစ်သူရယ်…………..
အချစ်ကြီးရင် အမျက်ကြီးသတဲ့လား…
ငါ့အတွက်ကတော့ မင်းအပေါ် အမျက်ဆိုတာတောင်
ကြိုးစားသော်မှ ဖော်ထုတ်လို့မရတဲ့ သူပါ……..

In: ကဗျာ Posted By: Date: Dec 9, 2011
Comment #1

အားပေးးသွားပါတယ်။..ကြိုးစားဖော်ထုတ်မနေပါနဲ့တော့ဗျာ..
အမျက်မ၇ှိတာပဲကောင်းပါတယ်။

commentinfo By: poem.poem28 at Dec 9, 2011
Comment #2

myit tar so tar yaung pyan hat par de.
a chit sit ko be thu tar tar ya bu lay.
a chit sit so tar lwe lwe ne ya naing tar hote bu,
i agree with u.

commentinfo By: ei lay at Dec 10, 2011
Comment #3

🙂
i m always satisfied

commentinfo By: ei lay at Nov 11, 2012
Comment #4

😉
🙂

commentinfo By: ei lay at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment