Professional Authors

အသဲကွဲတမ်းချင်း (၂)

ငါဆိုတဲ့ကောင်က
နင်နဲ့တစ်မြေထဲမှာ နေနိုင်ဖို့ စိတ်ကူးယဉ်ပြီး
ပင်လယ်ပြင်ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်…..
ငါဆိုတဲ့ကောင်က
နင်နဲ့ ဘ၀တစ်ခု ကျော်ဖြတ်ချင်လို့
အမြင့်ကနေ ခုန်ချဖို့ စိတ်ကူးခဲ့တယ်…..
ငါဆိုတဲ့ကောင်က
နင်နဲ့ တွေ့နိုင်ဖို့ အမျိုးမျိုးကြံစည်ခဲ့တယ်….
ငါဆိုတဲ့ကောင်က
နင့်မျက်နှာကို ဖူးတွေ့ချင်လို့ ဗမာပြည်အနှံ့ နင့်ကိုလိုက်ရှာဖို့
ကြိုးစားဖူးတယ်…..
ငါဆိုတဲ့ကောင်က
နင့်ကိုချစ်လွန်းလို့ နင်ပြောသမျှ မျက်စိစုံမှိတ်ယုံပေးခဲ့ဖူးတယ်….
ငါဆိုတဲ့ကောင်က
နင့်အတွက်နဲ့ လူတိုင်းက ဟားတိုက်တာကို ခံယူခဲ့တယ်…
ငါဆိုတဲ့ကောင်က
နင်နဲ့နင့်အပေါင်းအပါတွေရဲ့ လိမ်ညာစကားတွေကို
ငါ့ဦးနှောက်ကို မီးမြိုက်လို့ သံသယတွေကို ဖြေထုတ်ခဲ့တယ်…
နောက်ဆုံးတော့…….
ငါဆိုတဲ့ ငတုံးကောင်က
နင်တို့တွေအတွက်…ဟားစရာ ဟာသဇာတ်ကောင်တစ်ခု
အဖြစ်……ကျန်ရှိခဲ့တယ်…….
နောက်ဆုံးတော့…..
ငါဆိုတဲ့ ငတုံးကောင်ရဲ့
နှလုံးသားက နင်တို့တွေရဲ့ ဘီယာနဲ့ထိုင်မြည်းစရာ
အမြည်းတစ်ခု ဖြစ်သွားခဲ့တယ်……

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

oh my god

commentinfo By: ei lay at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment