Professional Authors

ပါးမြင့်ထက်က သနပ်ခါး

ဒီဇင်ဘာလ ဆောင်းတနေ့တွေမှာ
ဆောင်းနှင်းပွင့်တွေ ဝေဝေဆာနဲ့
ရာသီအလိုက် ပန်းကလေးများ
ဖူးငုံပုရစ် ညှာရွှေသစ်လို့
ပါးထက်က သနပ်ခါးဖြစ်ကြောင်း
ရနံ့တွေက တီးတိုးဆိုခဲ့ပြီလေ…။

ဆဲ့နှစ်ရာသီ ပန်းကလေးတွေ
လှချင်တိုင်း လှပါစေအုန်းတော့
ရနံ့ထုံးသင်းတဲ့ ပန်းမြိုင်တောမှာ
ပန်းပန်သူ မရွှေချောရယ်
သနပ်ခါး ပန်းကလေး
ရနံ့ပေးလို့ ပန်းပန်ခဲ့ပေါ့လေ…။

ကဗျာဆန်ဆန် ဆိုလေဟန်နဲ့
မဟာဆန်သူ သူအသွင်က
တောင်လှေခါးနဲ့ တောင်သမန်
အင်းတော်ထက်မှာ စံတင်ထားလို့
ရွှေအညာဟန် မပျောက်တဲ့
သနပ်ခါးတွေ ပါးထက်မှာ
လိမ်းကျံခဲ့ပေါ့ ခင်ပျိုမေ…။

ရနံ့ထုံးသင်းတဲ့ သနပ်ခါးပင်တောမှာ
မဟာဆန်သူ မွေးလေသလား
မေးစရာစကား ဒီရင်မှာ
သိုဝှက်ထားလို့ ပါးမြင့်ထက်က
သနပ်ခါး ပန်းတစ်ပွင့်ကို
ရနံ့သင်းသင်း မွှေးချင်လှသလေ..။

မဟာဆန်သူ တောင်သမန်သူရေ
ဂုဏ်ခြင်းထပ်လို့ ကွာဟပါစေ
အထက် အောက် ကွာဟတဲ့
တို့ပြည် မြန်မာမှာ
ရွှေညာသူ သူ့အလှ
သနပ်ခါးလေးကိုတော့
ခူးချင်လှသလေ….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

hote de,,,
ta nat khar is the best,,,
i like so much

commentinfo By: ei lay at Dec 6, 2011
Comment #2

ကျေးဇူးတင်ပါတယ် ညီမ… နောက်လည်း အားပေးအုန်းနော်

Comment #3

ကဗျာဆန်ဆန် ဆိုလေဟန်နဲ့
မဟာဆန်သူ သူအသွင်က
တောင်လှေခါးနဲ့ တောင်သမန်
အင်းတော်ထက်မှာ စံတင်ထားလို့
ရွှေအညာဟန် မပျောက်တဲ့
သနပ်ခါးတွေ ပါးထက်မှာ
လိမ်းကျံခဲ့ပေါ့ ခင်ပျိုမေ…။
လှတယ်ဗျာ ကဗျာလေး က

Leave Comments

Name*

Email*
Website
Email me whenever there is new comment