Professional Authors

ဖြစ်တည်မှု

ကောင်းကင်ရဲ့ သက်ဝင်လှပမှုကို
တိမ်ပြာပြာက ဖော်ထုတ်တယ်
ရေကန်ရဲ့ ကြည်လင်မှုကို
ငါးကလေးတွေက တောက်ပစေတယ်
ပန်းကလေးတွေရဲ့ မွှေးပျံ့မှုကို
ပျားပုတုန်းတွေက သက်သေပြတယ်
သစ်တောရဲ့ စိမ်းစိုမှုကို
ငှက်ကျေးသံသာက လင်းလက်စေတယ်
လရဲ့ အေးချမ်းမှုကို
ညချမ်းက ပိုအေးမြစေတယ်
ငါ့ဘ၀ရဲ့ဖြစ်တည်မှုကို
မင်းအချစ်နဲ့ ပိုမိုခိုင်မြဲစေမယ်….

In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

ကဗျာက ချစ်စရာလေးပဲဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 6, 2011
Comment #2

ကျေးဇူးပါ…ခင်ဗျားတို့ရဲ့ comment က ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ..း)

Comment #3

har,,,
twar p,,,
twar p,,,
a g g ko heart hti twar p.
a yan kyike de

commentinfo By: ei lay at Dec 6, 2011
Comment #4

very nice poems.
:::::

commentinfo By: ကတုံးလေး at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment