Professional Authors

ထွက်သွားခွင့်ပြုပါ

အတူမက်ကြမယ့် အိပ်မက်တွေ ပျက်သုန်းမယ်ဆိုရင်
ငါ့ကိုအရင် နှိုးထခွင့်ပြုပါ
အတူတွဲကြမယ့် လက်တွေ ဖြုတ်ကြမယ်ဆိုရင်
ငါ့ကိုအရင် လက်တွဲဖြုတ်ခွင့်ပြုပါ
ထပ်တူညီတဲ့ နှလုံးသားတွေ အေးခဲမယ်ဆိုရင်
ငါ့ကိုအရင် အေးခဲခွင့်ပြုပါ
အတူလျှောက်လှမ်းမယ့် ခြေလှမ်းတွေ ရပ်တန့်မယ်ဆိုရင်
ငါ့ကိုအရင် ရပ်တန့်ခွင့်ပြုပါ
ငါ့နှလုံးသားက သွေးစမ်းရှင်ရှင်ကျနေတာ
မြင်တွေ့ပြီး မင်းခြေလှမ်းတွေ ရပ်တန့်
ငါ့အပေါ် သနားပိုသွားမှာစိုးရိမ်လို့
ငါ့ကိုအရင် ထွက်သွားခွင့်ပြုပေးပါ

In: ကဗျာ Posted By: Date: Dec 4, 2011
Comment #1

ရွှေကြယ်မိုးမှ အားပေးသွားပါသည်။
ကဗျာလေးက ခံစားချက်တွေကို အရမ်းကြိုက်တယ်သိလား
ကဗျာဆရာရဲ့ခံစားချက်တွေကော ကဗျာကိုကောလေးစားပါရဲ့ဗျာ

commentinfo By: yaewintaung at Dec 4, 2011
Comment #2

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
ကဗျာဆရာ မဟုတ်ပါဘူး ..
း)
ခံစားမိတာလေးတွေ ပါ …
ကဗျာဆရာ အဆင့်မရှိသေးပါဘူး….

commentinfo By: Shinny at Dec 4, 2011
Comment #3

hint…..
thu ka a yin htar ke me,,,
thu ka a yin htwke twar me,,,
thu ka a yin mone me so tar g pe,,,,

thu bet ka a yin te khan par me,,,,
thu be ka a yin pay sat par me,,,,
thu bet ka yin pyaw aung htar par me,,,,ma shi bu,,,
sate chan tar chin sa yar g naw,,he,,he,,
arr koe lout de,

commentinfo By: ei lay at Dec 5, 2011
Comment #4

ok,,,
ok,,,
a tin twar lo yar toh twar naing p,,,,,
he,,he,,,

commentinfo By: ei lay at Dec 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment