Professional Authors

သိပ်မကောင်းတဲ့ ဇာတ်လမ်း

သံစဉ်တစ်ချို့လေ
ကျွန်တော့်နားထဲ
တိုးတိုးလေ ၀င်လာလေသည်……….
နှလုံးသားနဲ့ ခံစား
အတွေးတစ်ချို့နဲ့
ရောယှက်
သူမလေ……….
သိပ်ချစ်စရာကောင်းတယ်ဗျာ
ရင်ခုန်လွယ်တဲ့
ကျွန်တော် လေ
သူမ မထောင်တဲ့
ထောင်ချောက်ထဲ
ကိုယ်ဘာသာကိုယ်
ခုန်ဆင်း ပျော်ပျော်ကြီးပေါ့………
လှလိုက်တဲ့ ထောင်ချောက်ပေါ့.
သူမအနား
သူမဘေးနားမှာ
သူမ စကားသံလေးတွေ
နားထောင်နေရင်း
ကုန်ဆုံးရတဲ့
အချိန်တွေဟာ
တန်ဖိုးဖြတ်မရအောင်
အဖိုးတန်လွန်းလှသည်….
သူမရယ်လိုက်တိုင်း
ကျွန်တော် လေ
ကမ္ဘာမြေကြီးရဲ့
ဆွဲ ငင်အားတွေက
ကျွန်တော်လွတ်မြောက်နိုင်လေရဲ့….
ချစ်နေရတဲ့
ကျွန်တော်လေ
ချစ်နေတာနဲ့ ပဲ ပျော်နေခဲ့တာ….
ချစ်ခြင်းရဲ့ အသက်
ချစ်ခြင်းရဲ့ အရသာ
ကျွန်တော်ခံစားနေခိုက်
သူမ ဆီက စကား
တိုးတိုးလေကြားသည်…
သူမ မှာ စေ့စပ်ထားတာရှိတယ်တဲ့
ကျွန်တော်ကို ရိုးရိုးလေးပြော
ခပ်နွမ်းနွမ်းလေး
The end လို့ထိုးခဲ့တယ်
လူဘ၀လေဗျာ
ရုပ်ရှင်မှ မဟုတ်တာ
သူမနဲ့ ပျော်ခဲ့တဲ့
ရူတင်တချို့
ကျွန်တော်ကိုယ်တိုင်ပဲ
ဖြတ်သိမ်း….
ထုတ်ဝေခဲ့တယ်
နားထောင်ရတဲ့
လူတစ်ချို့အင်းပေါ့ တဲ့
စွန့်လွတ်ခြင်းလေ
ကောင်းတယ်တဲ့….
ကျွန်တော် သူမကို ချစ်သည်..
သူမထားသွားတဲ့ အချိန်ထိ
ဘယ်လို မှမနေတာအမှန်
ပြီးခဲ့တဲ့ တစ်နေ့ လေ
သိပ်နေပူတဲ့နေ့ပေါ့ဗျာ
ကျွန်တော် တွေ့တယ်
သူမကို တခြားကောင်လေးတစ်ယောက်နဲ့

ကျွန်တော် သိသည်
ဒါ သူနဲ့ စေ့စပ်ထားတဲ့လူမဟုတ်
သူပြောတဲ့လူမဟုတ်…...

ဒါဆို…………….
အဲ့ဒါ ကျွန်တော်သူငယ်ချင်း
သူငယ်ချင်းအရင်းကြီးပါဗျာ….
ကျွန်တော် သူတို့ကို
မသိချင်ယောင်ဆောင်ခဲ့တယ်လေ
ကျွန်တော်သူငယ်ချင်းနဲ့
ပျော်နေတဲ့
ကျွန်တော်ချစ်ရတဲ့
ကျွန်တော်ချစ်သူလေ
ပျော်နေလိုက်တာဗျာ
ခင်ဗျားတို့ကို ပြချင်တယ်…
သူတို့ တွေပျော်နေကြတယ်…………
ကျွန်တော်ကတော့……။

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

oh,,,,
poor u,,,
so sorry…
so sorry to know

commentinfo By: ei lay at Dec 3, 2011
Comment #2

စိတ်မကောင်းပါဝူး..

commentinfo By: အသဲကွဲမိုး at Dec 3, 2011
Comment #3

!_!

Leave Comments

Name*

Email*
Website
Email me whenever there is new comment