Professional Authors

ဆောင်းအိပ်မက်

နှင်းစက်တချို့
အိမ်ခေါင်မိုးကို
တံခါးခေါက် ပေါ့
အိပ်မရတဲ့
ကျွန်တော် တစ်ယောက်
ဆောင်းအိပ်မက်ထဲ နှစ်
ဟိုတုန်းက လှလွန်းသူတစ်ယောက်
ချောလွန်းသူတစ်ယောက်
ကျွန်တော်စွဲလမ်းရလွန်းသူတစ်ယောက်
ကျောင်းသွားကျောင်းပြန်
လမ်းသွားလမ်းပြန်
သူမ အိမ်ရှေ့ ကို
ကျွန်တော်လေ
မရောက်ရောက်အောင်ဖြတ်တယ်
မနက်ခင်းမြူခိုးတစ်ချို့
ဒီဇင်ဘာအားကစားလ မှာ
လေညှင်းတစ်ချို့နှင့် ဆော့ကစားခိုက်
သူမ နဲ့ ကျွန်တော်
ရင်းနီးခဲ့လေရဲ့
သော့မခတ်ထားတဲ့
ကျွန်တော့်နှလုံးသား
ချစ်သမျှ အကြောင်း
ဖြစ်ကြောင်းကုန်စင်
ပေါက်ထွက်ပြခဲ့လေရဲ့
ချစ်ခဲ့တဲ့ အချိန်
ဆောင်းအကုန်
နွေအကူး
သူမ ကျွန်တော်ကို
အရူးလုပ်သွားတယ်ထင်ပါ့
မျက်နှာမမြင်
အချစ်မ၀ခင်မှာပဲ
ကျွန်တော်ချစ်ရတဲ့
ကျွန်တော်ချစ်သူ နှင်းတစ်ယောက်
နွေလေညှင်းနဲ့ အတူ
လွင့်ပါသွားပြီထင်ပါ့
သေချာတာတစ်ခုက
ကွဲ ထားတဲ့ငါ့အသည်းငါ့ဒဏ်ရာဟာ
ဆောင်းညရောက်တိုင်း
ဆောင်းအိပ်မက်နဲ့အတူ
ငါ့ကို တဆစ်ဆစ်
နာကျင်စေတာပါပဲ….
တစ်ချိန်ကငါ့ရဲ့ နှင်း……
အဆင်ပြေမှ ပြေပါစ……..။

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

သေချာတာတစ်ခုက
ကွဲ ထားတဲ့ငါ့အသည်းငါ့ဒဏ်ရာဟာ
ဆောင်းညရောက်တိုင်း
ဆောင်းအိပ်မက်နဲ့အတူ
ငါ့ကို တဆစ်ဆစ်
နာကျင်စေတာပါပဲ….

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #2

wow,,,
dream?
everyone want sweet dream.

commentinfo By: ei lay at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment