Professional Authors

သေချင်တယ်…

အမှောင်တွေတောင် ငါ့အတွက်
ညှီစို့စို့ ဆန်နေတယ်
စိတ္တဇဆိုတာထက် ဟိုဘက်တောင်လွန်လွန်းလို့
ခဝါချရတာတွေ များလာတော့လဲ
ခန္တီစ တွေတောင် ပြည့်ဝလာတယ်
တဖြည်းဖြည်းနဲ့ ဝေးဝေးလာတယ်…
လာလာ အလင်းမပြနဲ့
မှားတယ်လဲ မပြောနဲ့
တရားမချနဲ့
လမ်းမှန်ကို မပို့ပေးချင်ကြနဲ့
ငါကိုယ်တိုင် သိသိကြီးနဲ့ မှားနေတာ
ဒီလမ်းဆုံးအောင် လျှောက်လိုက်ဦးမယ်
လွဲမှားမှုနံပါတ် ရာကျော်ချိတ်တယ်
ငါကိုယ်တိုင်လဲ ယိုင်နေမှန်းသိတယ်
ဒါကြောင့် ပိုပိုစောင်းပြမယ်….

ကြိုးစားမှုကို မုန်းတယ်
အောင်မြင်မှုကို ရွံတယ်
အားထုတ်မှ ရမယ်ဆိုရင်
ငုတ်တုတ်ပဲ ထိုင်နေလိုက်တော့မယ်…..
ပျော်ပျော်ကြီးကို ညစ်တယ်
ညစ်တစ်တစ်နဲ့ ကောင်လေးကိုချစ်တယ်
ကောင်လေးတော့ မသိဘူး
ကောင်မလေးက မကောင်းဘူး
ဘုရားသခင်ဖန်ဆင်းထားတဲ့ ပထမဆုံးလူသား
သူနဲ့ ကျွန်မ မဟုတ်ဘူး
ဒီတော့ ပန်းသီးမစားဘူး
ဘုရားသခင်ကိုလဲ ကလန်ကဆန်မလုပ်ဘူး….

စိတ်ထားတွေ တော်တော်ကြီးကောင်းပေးထားတယ်
ဒီတော့….ကံကောင်းချင်တယ်
ထီပေါက်ချင်တယ်
လိုချင်စိတ်တွေကို မလိုချင်ဘူး
(တစ်နည်း) မလိုအပ်ဘူး
တောင်စဉ်ရေမရတွေကို စနစ်တကျကျူးလွန်
ချစ်သူပေးထားတဲ့ အနမ်းမှာ တံဆိပ်တပ်
ဒါဟာ ပျော်ရွှင်မှုမှာ နံပါတ်တစ် ဖြစ်လိမ့်မယ်
မခွဲသင့်တဲ့ အပိုဒ်တွေခွဲချပစ်လိုက်တယ်
မလွဲသင့်တာတွေကို plan ဆွဲ လွဲမယ်
မမုန်းသင့်ပဲ တစ်စုံတစ်ယောက်ကိုမုန်းမယ်
bus ပေါ်ကလူတွေ ငါ့ကိုမုန်းတယ်
စိတ်မဆိုးသင့်ပဲ စပယ်ယာကို ဆဲခဲ့တယ်
ဒါဟာ လွဲမှားမှုတွေရဲ့ စာစီစာကုံး
ငါ့ကိုယ်ငါပဲ ဂုဏ်ထူးတပ်ခဲ့တယ်…
အမေကတော့ ပြောတယ်
ငါမောတယ်တဲ့
ချစ်သူကတော့ ပြောတယ်
ငါ……..
ကျေနပ်မှုတွေ မကျေနပ်မှုတွေ
ဘောင်ထဲ ထည့်ပိတ်လိုက်တယ်
ရေးချင်တာတွေလဲ ရေးချပစ်လိုက်တယ်
ပြီးတော့ ကဗျာလို့ ခေါင်းစဉ်တပ်
အရပ်တကာ လှည့် ကြွားပစ်ခဲ့တယ်…..

ပျော်တယ် ပြောတယ် မောဟိုက်လာတယ်
အဆုံးသတ်မယ် ပြန်စမယ် ငြီးငွေ့လာတယ်
ငြီး…ငွေ့…လာ…တယ်
ငြီး…ငွေ့…သွား…တယ်
……ငြီး…ငွေ့…သွား…ပြီ……
ပြီးပြီလို့ သဘောပိုက်
အားလုံးကို ကန့်လန်ကာ ဆွဲချ
အရာရာကို လက်ပိုက် ကြည့်နေလိုက်တော့မယ်

ကြက်ခြေခတ်X
9:59pm 5 sat mar 2011

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

လုပ်ပါ…လုပ်ပေါ့…ကျွန်တော်လည်း အွန်းလိုင်းမှာ အမှိုက်ဖွရတာကြိုက်တယ်……
ငါ့ကို ဒီဘဲက ဘလိုင်းကြီး ဖဲ့သွားတယ်လို့လဲ မမြင်ပါနဲ့ အကြိုက်ချင်းတူသွားတာကိုပြောတာပါ….

commentinfo By: nate thit(နေ့သစ်) at Dec 1, 2011
Comment #2

ညစ်တစ်တစ်နဲ့ ကောင်လေးကိုချစ်တယ်
ကောင်လေးတော့ မသိဘူး
ကောင်မလေးက မကောင်းဘူး
ဘုရားသခင်ဖန်ဆင်းထားတဲ့ ပထမဆုံးလူသား
သူနဲ့ ကျွန်မ မဟုတ်ဘူး
ဒီတော့ ပန်းသီးမစားဘူး
ဘုရားသခင်ကိုလဲ ကလန်ကဆန်မလုပ်ဘူး
ကျေနပ်မှုတွေ မကျေနပ်မှုတွေ
ဘောင်ထဲ ထည့်ပိတ်လိုက်တယ်
ရေးချင်တာတွေလဲ ရေးချပစ်လိုက်တယ်
ပြီးတော့ ကဗျာလို့ ခေါင်းစဉ်တပ်
အရပ်တကာ လှည့် ကြွားပစ်ခဲ့တယ်…..

ပျော်တယ် ပြောတယ် မောဟိုက်လာတယ်
အဆုံးသတ်မယ် ပြန်စမယ် ငြီးငွေ့လာတယ်
ငြီး…ငွေ့…လာ…တယ်
ငြီး…ငွေ့…သွား…တယ်
……ငြီး…ငွေ့…သွား…ပြီ……
ပြီးပြီလို့ သဘောပိုက်
အားလုံးကို ကန့်လန်ကာ ဆွဲချ
အရာရာကို လက်ပိုက် ကြည့်နေလိုက်တော့မယ်
ခိုက်မိကြောင်းပါ..
လေးစားလျှက်..

commentinfo By: sharon myorr myor at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment