Professional Authors

“မင်းပေးတဲ့ ကဗျာ …”

အာရုံမှာ ကြည်နူးစရာ
သူ့စကားသံမရှိတော့ …
ရင်မှာ …
လက်တွေမှာ …
ကဗျာတွေမှာ …
ခြေလှမ်းတွေမှာ …
အတွေးသံစဉ်တွေမှာ …
အထီးကျန် …ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ …
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး …
မင်းသိလား …
ကောင်းကင်တွေ ရေခပ်မဆင်းတော့တဲ့
ဒီနွေရက်တွေမှာ …
သက်တံတွေနဲ့ အတူ …
ငါ့ဝိဥာဉ်(အမှတ်စဉ်ပျောက်ပြီး)
တစ်နေရာရာမှာ ပုန်းခိုနေတယ် …ဆိုတာ…
အဲဒါမင်းပေးတဲ့ ကဗျာပေါ့ ကောင်မလေး …
ထပ်အာဖျံကွီးရရင်လည်း …
နေ့တိုင်း ညတိုင်း …
မင်းအပြုံးတွေနဲ့ ငါ့နာရီသံတွေ
အသက်ဆက်နေရတယ် …ဆိုတာ
ဖြန့်ကားနေတဲ့ နံရံကြီးအသိ …။…
နောက် …
အိပ်မက်တွေထဲမင်းခန့်ခန့်ကြီးထိုင်ပြီး
ညတိုင်း စိုးမိုးထားတာ …
ထထယောင်ရတဲ့အထိ …
အဲဒါလည်း မင်းပေးတဲ့ကဗျာပဲ …
အခုဆို အင်တာနက် စာမျက်နှာတွေပေါ်မှာ …
မင်း ပေးတဲ့ ကဗျာတွေ …
လူတွေရဲ့ အမြင်အာရုံတွေမှာ
ကျိုးတို့ကျဲတဲ ပွင့်ဖူးလာကြပြီ …
ကျေးဇူးပဲ …
မင်းပေးတဲ့ ကဗျာတွေအတွက် ကျေးဇူးပဲ …
ကျေးဇူးပဲ ဆိုတာကလည်း မင်းပေးတဲ့ ကဗျာပါပဲ …
“နှစ်အဆက်ဆက် ငါ့နှလုံးသားထဲ
အသည်းခွဲအမိန့်ကြီး ကိုက်ငုံထားတဲ့
အပြုံးသန်လျက်နဲ့ ကောင်မလေးရေ …” …

In: ကဗျာ Posted By: Date: May 18, 2010
Comment #1

အာရုံမှာ ကြည်နူးစရာ
သူ့စကားသံမရှိတော့ …
ရင်မှာ …
လက်တွေမှာ …
ကဗျာတွေမှာ …
ခြေလှမ်းတွေမှာ …
အတွေးသံစဉ်တွေမှာ …
အထီးကျန် …ဆိုတဲ့ စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ …
မိုက်တယ်

commentinfo By: အသဲကွဲမိုး at Oct 11, 2010
Comment #2

ကောင်းတယ်ဗျာ နောက်မှထပ်လာဖတ်ဦးမယ်
ဆက်လက် ရေးသားတီထွင် ခံစားနိုင်ပါစေ

commentinfo By: waiyan at Jan 17, 2011
Comment #3

really nice,
really excellent.
she is essential one for ur whole life,i m envious of u,

commentinfo By: ei lay at May 14, 2012
Comment #4

read again
feel again
like so much

commentinfo By: ei lay at Jul 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment