Professional Authors

အသည်းကွဲ တောင်ကုန်း

လေထန်နေတဲ့ တောင်ကုန်း
ငါတစ်ယောက်တည်း
မားမားမတ်မတ်
ပျော်ရွှင်ခြင်းအသက်မဲ့
မျှော်လင့်ခြင်းပျက်ပြယ်နေတဲ့
လူတစ်ယောက်
ေ၀၀ါးနေတဲ့
မျက်လုံးတစ်စုံ
ဝေ့ကြည့်မိသည်….
ကယ်မယ့်သူ မရှိ
ကူမယ့်သူ မရှိ
ငါတစ်ယောက်တည်း
မလျှောက်ဘဲ နဲ့ရောက်
မပေါက်ပဲ နဲ့
အထမြောက်ချေရောမယ်
အသည်းကွဲ တောင်တန်း
ဒီတောင်တန်းကို
လူအတော်များ များ
စွဲစွဲ လန်းလန်းတက်ဖူးသလိုပဲ
ဘာလို့ များ
ငါအလှည့်ကျမှပိုရှည်နေရသလဲ….
မေးခွန်းတချို့
ဖြေမည့်သူမရှိ
အဖြေတချို့
ကျွန်တော် မမေးလဲ
ထွက်လာသည်
ချစ်လွန်းလို့ ဒုက္ခရောက်ရတာ
ငါတစ်ယောက်တည်းပဲလား
မြတ်နိုးလွန်းလိ
အစွန့်ပယ်ခံရတာ
ငါတစ်ယောက်တည်းပဲလား
အခု ကော …..
ငါတစ်ယောက်တည်းပဲလား
ဘေးနားက နားနေတဲ့
ကျီးကန်းကို မေးကြည့်တော့
အ… အ…အ တဲ့
အဲ ကျီးကန်းတောင် ငါ `အ´ မှန်းသိတယ်….
ငါ တယ် `အ´ ပါ လား……..

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

he,,he…
nice
special great thoughts.

commentinfo By: ei lay at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment