Professional Authors

တစ်ခွန်းစကား (တာရာမင်းဝေ)

ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

ဆရာတာရာမင်းဝေကို အရမ်း သဘောကျတယ် ဆရာလိုလူတော်ကြယ်ပွင့်တစ်ယောက် လောကကြီးက အစောကြီးထွက်သွားရတာ လောကကြီးမှာ ထွန်းလင်းနေတဲ့ ကြယ်တစ်ပွင့်ယုတ်လျော့သွားသလိုမျိုး စာပေလောကအတွက် နှမျောမိတယ်

commentinfo By: apollo at Jan 21, 2011
Comment #2

ယဉ်ယဉ်လေးပဲ
လွမ်းရအောင်ကွာ..
တိတ်ဆိတ်တုန်းကလဲ
အသံကိုမျှော်မိတယ်
အခုတော့တိတ်ဆိတ်မှုတစ်ခုကို..
တောင်းတောင်းတတနဲ့ 
လွမ်းဆွတ်နေချိန်ပါ။
သူ့ ဘ၀…
သူ့ စာသား….
သူ့ အတွေးတွေ
ငါတို့ ကိုလွှမ်းမိုးခဲ့တာတော့
အမှန်ပါပဲ………..။

commentinfo By: E-than at Mar 1, 2011
Comment #3

သူငယ်ချင်း ပြောမလား မိတ်ဆွေ ပြောမလား မင်းနဲ့ ငါ ပြောမလား သင်းဆရာပြောမလား ဟိုးဗျာ သူဟာ ကျွှန်တော်တို့ လူငယ် တွေ့ အတွက်တော ကဗျာ အားဆေးဘဲ သူ့ ရဲ့ ခန္ဓာမရှိပေးမဲ့ သူပေးခဲ့တဲ့ ကဗျာနဲ့ စာတွေကတော လူငယ်တွေ နဲ့  ကဗျာချစ်သူ စာချစ်သူတွေ အတွက်ကတော့ဘယ်တော့မှ မစိတ်သုန်းစေရဘူးဗျာ၊အမြဲလင်းလက် ၊ထွန်းလင်းတောက်ပစေရ မည်။

commentinfo By: အောင်နိုင်ဦး at Apr 11, 2011
Comment #4

သူငယ်ချင်း ပြောမလား မိတ်ဆွေ ပြောမလား မင်းနဲ့ ငါ ပြောမလား သင်းဆရာပြောမလား ဟိုးဗျာ သူဟာ ကျွှန်တော်တို့ လူငယ် တွေ့ အတွက်တော ကဗျာ အားဆေးဘဲ သူ့ ရဲ့ ခန္ဓာမရှိပေးမဲ့ သူပေးခဲ့တဲ့ ကဗျာနဲ့ စာတွေကတော လူငယ်တွေ နဲ့  ကဗျာချစ်သူ စာချစ်သူတွေ အတွက်ကတော့ဘယ်တော့မှ မစိတ်သုန်းစေရဘူးဗျာ၊အမြဲလင်းလက် ၊ထွန်းလင်းတောက်ပစေရ မည်။

commentinfo By: အာနိုး at Apr 11, 2011
Comment #5

ကဗျာလောကမှာမင်းမူ
လူတွေရဲ့ စိတ်ကိုဖမ်းစား
ဆရာတစ်ပါးတော့
လောကထဲမှစောစီးစွာ
ထွက်ခွာခဲ့ရပြီ…

commentinfo By: Moe Thit Lay Pyay at Apr 23, 2011
Comment #6

its mean heat beat

commentinfo By: john min at May 4, 2011
Comment #7

ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

commentinfo By: မှုံရွှေရည် at Jun 6, 2011
Comment #8

ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #9

ဘာမှမလိုဘူး
တခုပဲလိုချင်တယ်
ရိုးသားတာ

commentinfo By: ညီငယ်၏ at Aug 16, 2011
Comment #10

ကဗျာဆရာတစ်ယောက် လောကကြီးက
လွင့်စင်သွားတာ စိတ်မကောင်းပါဘူး……

commentinfo By: G.T13 at Aug 19, 2011
Comment #11

ဆရာ့ဆုံးပါးမှုကနှမျောစရာလွမ်းစရာတွေကိုချန်ခဲ့တာပါ ။အမြဲတမ်းလေးစားလျက်ပါဆရာတာရာမင်းဝေခင်ဗျား။

commentinfo By: myatthuraaung at Aug 27, 2011
Comment #12

ဆရာ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ဂုဏ်ပြုပါရစေ …..
.
. ” နတ္ထိ ”

နွေကန္တာခရီးဆက်
.
လေဆန်ရာတံလျှက်
.
ဝေဒနာတစ်စက်ကိုမှ
.
ဆေးကြောဖို့ရာ
.
အိုအေစစ်ဆိုတာ
.
စကားတစ်လုံး
.
စာတစ်ကြောင်းပင်
.
မတွေ့ရပါလား …..
.
အသင်္ချေ အသင်္ချာ
.
ကမ္ဘာ စ လယ် ဆုံး
.
အချစ်စစ် အချစ်မှန်ကို
.
ရှာဖွေသူကများသား
.
ငုတ်မရသည့် ပုလဲ
.
မရအဆုံး အတုနဲ့သာ
.
ကျေနပ်လို့ကြွေးကျော်
.
ကမာ လည်းပေါက်
.
လက်လွှဲရောက်မှ
.
ငါပိုင်ဆိုတာ
.
ဘာမျှမရှိ …………
.
ရေး — ရှားမောင်မောင်
.

commentinfo By: Shah Mg Mg at Sep 2, 2011
Comment #13

လွမ်းနေတုန်းပါဗျာ

commentinfo By: hunter at Sep 5, 2011
Comment #14

ကဗျာကောင်းတွေ ကြားမှာ ကောင်းသောကဗျာတွေ
ထပ်ကာထပ်ကာရှိနိုင်ပါစေ။ ဆုတောင်းပေးပါတယ်။

commentinfo By: မိုးကြိုး at Sep 5, 2011
Comment #15

ကျေးဇူးပါ ဗျာ
ဆရာ ရဲ့ ပရိတ်သတ်တစ်ယောက်ပါ

commentinfo By: monsoon at Sep 14, 2011
Comment #16

ဆရာ.လိုမနေနိုင်ပေမဲ. ဆရာလိုသေချာတယ်
တာယာမင်းဝေလို. ဘယ်စိတ်ကူးနဲ.များ ကင်မွန်းတတ်လိုက်သလဲဗျာ
ဝင်သွားပြီးကတည်းက အခုထိမထွက်တော.ဘူး

commentinfo By:ိစိုးထက်လင်း(စိတ်ပညာ) at Oct 27, 2011
Comment #17

ကျွန်တော်ကလေထဲမှာ မျောနေတဲ.သစ်ရွက်ခြောက်
ဆရာက တစ်ဖြိုင်ဖြိုင်ရွာသွန်းနေတဲ.ကဗျာကောင်းကင်
ကျွန်တော်ကဘယ်သောင်ဘယ်ကမ်းမှာကပ်ရမှန်းမသိတဲ.စက္ကူလှေ
ဆရာကကမ္ဘာပတ်သင်္ဘောတွေကိုလမ်းပြနေတဲ.မီးပြတိုက်
အရာရာကွာခြားလွန်းပါတယ်ဆရာ
တန်းဖိုးရှိတဲ.အရာပျောက်ဆုံးသွားတာ နှမျောစရာကောင်းလိုက်တာ
အင်းလေ တန်းဖိုးမရှိတဲ.အရာကိုလဲဘာလို.လိုက်၇ှာနေရမှာလဲ
ဆရာကိုသတိရလွန်းလို.ဒီတစ်ခေါက်အိမ်ပြန်အရောက်
ညတိုင်းပုတီးတစ်ခြောက်ခြောက်နဲ.စိတ်နေတဲ.အမေ.ဆီက ကုသိုလ်လေးတောင်း
ဆရာ.ကိုအမျှပေးလိုက်ပါတယ်… အမျှပါဆရာ ..အမျှ ..အမျှ

commentinfo By:ိစိုးထက်လင်း(စိတ်ပညာ)မုံရွာ တက္ကသိုလ် at Oct 27, 2011
Comment #18

ကျွန်တော်ကဆရာ့တပည့်ပါ….
ဆရာ့ကိုချစ်တယ်

commentinfo By: yaewintaung at Oct 29, 2011
Comment #19

သတိရနေပါတယ်

commentinfo By: ချစ်မိုးဦး at Nov 14, 2011
Comment #20

ဆရာကို အရမ်းသတိရနေမိတယ် တစ်ခါတလေ အလွမ်းတွေနဲ.ရင်ဆိုင်ရတဲ့အခါမှာ ဆရာ့ကဗျာလေးတွေကိုတမ်းတမိပါတယ်

commentinfo By: sokhantko at Nov 22, 2011
Comment #21

ကျွန်တော်ကဆရာ့တပည့်ပါ….
ဆရာ့ကိုချစ်တယ်

commentinfo By: Athan at Dec 3, 2011
Comment #22

ဆရာ မရှိတော့ပေမယ့်…………………………………………………………………………………………………………….
မဟုတ်သေးဘူး…………………………………………………………………………………………………………………….
ဆရာ…….ထာဝရ……………………တည်ရှိနေဦးမှာပါ။……………………………………………………………………
For Man May Come and Man May Go,
But , I Go On Forever.
ဆရာ……….မရှိတော့ပေမယ့်……………ကျွန်တော်တို့ရင်ထဲမှာ……ထာဝရ တည်ရှိနေဦးမှာပါ။

commentinfo By: Aye win at Dec 8, 2011
Comment #23

လူသားအားလုံး လက်မြောက်ရတဲ့…….အရာ။
အကြွေစောတဲ့ ကဗျာဓါးသွားတစ်လက် (ကဗျာ=စာပေအားလုံးကို ရည်ညွှန်းပါသည်.)
သူမရှိတော့ပေမယ့်……………………….
သူ့လက်ရာတွေက…………………
ကောင်းကင်ထက်ကနေရာတိုင်းမှာ…….
ပိုးစိုးပက်စက် ။

commentinfo By: Aye win at Dec 8, 2011
Comment #24

ဆရာရေ
ကျွန်တော် ဘ၀မှာ ဆရာရဲ့စာပေတွေဖက်ရတဲ့အချိန်က
အလင်းလက်ဆုံး အချိန်တွေပေါ့
နောက်ပြီးဆရာလို
စာပေတွေ ရေးနိုင်ဖို့……
ကြိုးစားချင်ပါတယ်…

commentinfo By: ဥာဏ်လင်းအောင် at Feb 4, 2012
Comment #25

ဘ၀မှာ အသေချာဆုံးက သေခြင်းတရာပါပဲ တဲ့…
ဆရာတာရာမင်းဝေ ….
ဆရာရေ
အောက်မေ့လျှက်

commentinfo By: gadounlay at Feb 13, 2012
Comment #26

နှမျောတသလျက်…………………

commentinfo By: nadi at Feb 27, 2012
Comment #27

ကဗျာကောင်းကင်ကြီးထဲက ကြယ်တစ်ပွင့်မြေ,ခ ခိုက်မှာ ယောင်ယမ်းပြီးမျက်ရည်ကျမရတယ် ………လွမ်းလိုက်ရတာ အနေအထိုင်မတတ်တဲ့ကြယ်လေးရယ်…………ဒီတူးဆစ်တောင်ငူ

commentinfo By: D26 at Mar 2, 2012
Comment #28

သေမင်းကလည်းအကောင်းပဲကြိုက်နိုင်လွန်းတယ်
အလွမ်းတွေတတ်ကုန်၊ရွက်ကုန်ဖွင့်ရုံပဲပေါ့။

commentinfo By: littlebird at Mar 23, 2012
Comment #29

ငါ့ရဲ့ကြယ်ပွင့်တွေတမ်းတနေဆဲ
ဒီဘဝထဲဒါပဲထာဝရရှိနေမှာပဲ

commentinfo By: naihtuaung at Mar 25, 2012
Comment #30

အကို့ကိုအရမ်းလေးစားတယ်
အကိုအဆော်းကြီးသွားတာ
အရမ်းနှမျော်းတယ်
အကိုတက်မလွန်ဘ၀ရာက်ရင်စာသားအကောင်းဆုံးရေးနှိင်ပါစေ
စုတောင်းလျှက်းးးးးးးးးးရဲးရဲး

commentinfo By: aung koko win at Jun 1, 2012
Comment #31

မြန်မာ့စာပေလောကရဲ့…အစားထိုးမရနိုင်တဲ့…ဆုံးရှုံးမှု့လို့…ယူဆပါတယ်….ကိုတာရာ..စာပေတွေအဓွန့်ရှည်စေ..ကြောင်း..

commentinfo By: Tin Myo Naing at Jul 6, 2012
Comment #32

ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။

commentinfo By: dozet at Jul 9, 2012
Comment #33

ဆရာ့ ရင်ဘတ်ကိုလေးစားလျှက်…ဘယ်သူ့ဆီမှာရှိဦးမှာလဲ ဒီလိုရင်ဘတ်မျိုး… ဆရာ့ရင်ထဲက ကဗျာတွေသုံးဆောင်ခွင့်ရတာ …ဘယ်သူတွေ ဒီလိုမျိုး သုံးဆောင်ခွင့်ပေးဦးမှာလဲ … ရင်ထဲကမွတ်သိပ်မှု ဘယ်သူ နှစ်သိမ့်ဦးမှာလဲ… ငါဟာ ကဗျာ ဆာလောင်နေသူပါ…

commentinfo By: ရေပေါ်သား at Jul 30, 2012
Comment #34

အားလုံးကို ခင်ပါတယ်ဗျာ။ အရာအားလုံးအဆင်ပြေပါစေ

commentinfo By: ကျော်ဇင်သန်း at Aug 4, 2012
Comment #35

ဟုတ်ပါတယ် လွမ်းနေတုန်းပါ

commentinfo By: lwannaythu at Aug 18, 2012
Comment #36

ကဗျာတွေရေးရင်း ကဗျာဖြစ်သွားတဲ့ လက်တစ်စုံ…ဘယ်တော့မှ မမေ့ဘူး….

commentinfo By: nyeint zynn wah at Oct 30, 2012
Comment #37

ဆရာ့ရဲ့ ကျေက်ထွင်းရာဇ၀င်ကို
ပြန်မြင်ယောင်နေတုန်း
“ဗြုန်း”ကနဲ
ကြွေကျသွားတဲ့
ကြယ်တစ်ပွင့်အတွက်
နှမြောမင်သက်မိပါရဲ့။
ကြယ်ကြွေညသတို့သမီးလို
ဝတ္ထုချိုချိုလေးတွေကို
လွမ်း….တယ်။

commentinfo By: mr.black at Nov 1, 2012
Comment #38

ကောင်းပါတယ်

commentinfo By: ပြည့်ဖြိုးထွန်း at Nov 7, 2012
Comment #39

နှမျောတသလျှက်

commentinfo By: လောမဟံ at Nov 15, 2012
Comment #40

ကိုယ်သေဆုံးခဲ.ပါပေါ.အချစ်ဆုံးရယ် ……………..
ကိုယ်အတွက်. . . . .. . . .
ကြေကွဲတဲ. သီချင်းတွေ
မဆိုပါနဲ……။ ။

နှင်းဆီ သစ်ပင်တွေ အရိပ်ကိုင်းကိုင်း ထင်းရှူးပင်တွေလည်းမစိုက်ပါနဲ.။ ။

မြက်ခင်းစိမ်းပေါ်မှာ နှင်းမှူံမိုးစက်တွေကသာ
ကိုယ်အပေါ်မှာ စိုယိမ်းနေပါစေ ။
မင်းကိုယ်.ကို သတိရရင်ရပါ…….
ဒါမှမဟုတ် မေ.ရင်လည်းမေ.လိုက်ပါ။ ။

ကိုယ်ကတော. ………………..
အရိပ်တွေကိုလည်းမမြင်နိုင်တော.ဘူး………
မိုးရဲ.ရသကိုလည်း မခံစားနိုင်တော.ဘူး…….
နိုက်တင်ဂေးရဲ. ပရိဒေ၀တေးသွားတွေကို
သူဆိုလည်း ကိုမကြားနိုင်တော. ……………။

နေ၀င်ခြင်းလည်းမရှိ……..
နေထွက်ခြင်းလည်းမရှိ…….
အဲဒီလို ဆည်းဆာမှာမက်တဲ.
အိပ်မက်တစ်ခုပေါ. ……….

ကိုယ်သတိရရင်ရ မယ်
နောက်ပြီးတော……………
.မေ.ရင်လဲမေ.သွားလိမ်.မယ် ကွယ်………။။ ။

ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင်.မရှိတဲ.ကောင်လေး
မှ
ချမ်းအေးအောင်

commentinfo By: ချမ်းအေးအောင် at Nov 15, 2012
Comment #41

ကောင်းတယ် ကိုချမ်းအေးအောင် ကျေးဇူး ကျွန်တော် ဒီကဗျာလေးကို စာမရိုက်ရသေးဘူး.။
ကျေးဇူးပါ facebook မှာ share လိုက်မယ်နော်

ကိုရွှေကြယ်မိုးလိုဘဲ လိုက်ပြောချင်တယ်ဗျာ

ကျွန်တော်ကဆရာ့တပည့်ပါ….
ဆရာ့ကိုချစ်တယ်

နိုးဆက် နေ့

commentinfo By: 13th at Dec 8, 2012
Comment #42

သူဟာ
သစ်ရွှက်တစ်ပွင့်
မကြွေသင့်ပဲကြွေတယ်

ဆရာရဲ့
အနုပညာသဲပွင့်တွေ ဖြန့်ဖြူး
ကျွန်တော့်မျက်စိ လာလာစူးတယ်….

commentinfo By: ဗိုလ်ရှိန်း လှည်းကြောင်းပေါက်သား at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment