Professional Authors

ဝေးကွာနေခဲ့သော နှလုံးသား တစ်စုံဖြင့် . . .

ဝေးကွာနေခဲ့သော နှလုံးသား တစ်စုံဖြင့် . . .

ဘယ်တော့များမှ နီးရမလဲတော့

ကျွန်တော်မသိဘူး

ပစ္စုပ္ပန်မှာတော့ ဝေးကွာခြင်းတွေအတိနဲ့

နင်ကပဲ ထားခဲ့တာလား ??

ငါကပဲ သွားခဲ့တာလား ??

ဒီခရီးကတော့ဖြင့် . . . တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ စီးပိုးလို့

ငါတို့ တိုးတိုးပြီး များ ဝေးကွာခဲ့ကြသလားကွယ် . .

 

အို . . ထိပ်ထားရယ်

ဘယ်လို ကွဲရှစေခြင်းမျိုးကများ

ငါတို့ အရှိတရားတွေကို နှစ်သိမ့်စေနိုင်လိမ့်မလဲ

ငါက လည်း ငါပါ . . .

နင့်အတွက် အလွမ်းတွေ အကြောင်း

နင့်အတွက် ကြယ်စင်စုတွေ အကြောင်း

နင့်အတွက် နှင်းဆီပန်းတွေ အကြောင်း

နင့်အတွက် ပင်လယ်လှလှ တွေအကြောင်း

တခမ်းတနား စီရင်နေခဲ့မိသူ . . . .

 

ဘယ်ရယ်မဟုတ်တဲ့ နင့်စကားတစ်ခွန်းကလည်း

ငါ့ရင်ခွင်မှာ စူးနစ်လို့

သွေးမဲ့ဒါဏ်ရာတွေ . . တစိမ့်စိမ့်

ကွဲ အက် စူး ရှလို့

ထိပ်ထားရေ

ထိ ပ် ထားေ ရ

ထိ  ပ်  ထားေ  ရ . . . .

နင် မငိုရဘူးနော်

စံပယ်တွေ ပွင့်ဖူးလို့

နင့်အတွက် တနင်္ဂနွေ လှလှကလေးတွေ

ငါ ဖန်ဆင်းထားတယ် . . .

 

ချစ်ခြင်းတရားဟာ နူးညံ့လွန်းပါတယ်

တခါတခါများဆို

ရင်ခွင်ဟာ လှုတ်ခတ်ခြင်းတွေ ပဲ့တင်ထပ်လို့

နင့် နှလုံးသားက ဒါဏ်ရာတွေသည်လည်း

ငါ့ကဗျာများဖြင့် နွေးထွေးစေ

ချစ်သူရေ . . . .

နင်ကလည်း လရောင်ကိုမှ လွမ်းတတ်သူ

အနမ်းတစ်ပွင့်ရဲ့ လှို့ဝှက်မှု

နင် မသိသေးပါဘူးကွယ် . . . .

 

သိုးဆောင်းညတွေရဲ့

အသဲကွဲ ပုံပြင်တွေထက်

နင့်အရီအပြုံးအငိုတစ်ချက်ကသာ

ငါ့တည်ရှိမှုကို ချိုးဖျက်စေနိုင်ခဲ့တာ

ငါ ဘယ်လိုနေရမလဲကွယ်

နင်လည်းသိပါတယ်

သတိရခြင်းဆိုတာ တိုးတိုးရစ်ပတ်စေနိုင်တဲ့

လူသတ်လက်နတ်တစ်မျိုးတဲ့

 

ဘယ်သောအခါမှ ပစ်မထားခဲ့ပါဘူး

အလစ်အငိုက်ကလေးတောင်

ရင်တွင်း မှာ နင့်နာမည်ကလေးတွေ စီရီခဲ့

ခမ်းနားနူးညံ့တဲ့ ကဗျာလှလှတွေ ရွတ်ဆိုလို့

နင့်လက်ကိုတွဲ . . .

ငါတို့ ဟိုး အဝေးက ရေခဲမြစ်တွေဆီ သွားကြရအောင်

ရူးသွပ်တပ်မက်ခဲ့ရသော

နှုတ်ဆက်အနမ်းနွေးနွေးများ

ငါ့ . . .ထိပ်ထား . . .

ရင်မှာ အမြဲ ငြိတွယ်နေပါစေသား ကွယ် . . .

 

လွ မ်းေ န ( ၅ /၁၁/၂၀၁၁)

In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

ကောင်းတယ်ဗျာ..ထိပ်ထား ဆိုလို့  တာရာမင်းဝေ ကဗျာကို သွား သတိရမိတယ်
လုလင် အားပေးသွားပါတယ်

Comment #2

အို . . ထိပ်ထားရယ်

ဘယ်လို ကွဲရှစေခြင်းမျိုးကများ

ငါတို့ အရှိတရားတွေကို နှစ်သိမ့်စေနိုင်လိမ့်မလဲ

ငါက လည်း ငါပါ . . .

နင့်အတွက် အလွမ်းတွေ အကြောင်း

နင့်အတွက် ကြယ်စင်စုတွေ အကြောင်း

နင့်အတွက် နှင်းဆီပန်းတွေ အကြောင်း

နင့်အတွက် ပင်လယ်လှလှ တွေအကြောင်း

တခမ်းတနား စီရင်နေခဲ့မိသူ . . . .
…………………….
ကဗျာလေးအရမ်းကြိုက်နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Nov 26, 2011
Comment #3

oh,,,,,,,,,,
so much perfect…
yin taung khone twar de…he,,he,,

commentinfo By: ei lay at Nov 26, 2011
Comment #4

အလစ်အငိုက်ကလေးတောင်

ရင်တွင်း မှာ နင့်နာမည်ကလေးတွေ စီရီခဲ့

commentinfo By: moehtetaung18 at Nov 26, 2011
Comment #5

🙂
🙂
🙂

commentinfo By: ei lay at Oct 10, 2012
Comment #6

Misssssssssssss

commentinfo By: ei lay at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment