Professional Authors

“ကျေးဇူးပါချစ်သူ”


ပြိုယိုင်လဲနေချိန်မှာ ဖေးမပေးခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
မှောင်မိုက်နေတဲ့ ငါ့ဘ၀ကို လင်းလက်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ငါ့မျှော်လင့်ခြင်းတွေကို ရှင်သန်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
အတ္တတွေနဲ့ ပူပြင်းတောက်လောင်နေတဲ့
ငါ့နှလုံးသားကို ငြိမ်းချမ်းစေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ညစ်ထေးနေတဲ့ င့ါစိတ်တွေကို ဖြူစင်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ဘ၀ရဲ့ အဓိပ္ပါယ်ကို သိအောင် လမ်းပြပေးခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ငါ့အပြုံးက မင်းကိုအေးမြစေပါတယ်လို့ ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ငါရေးတဲ့ စာတစ်ကြောင်းက ကဗျာတွေထက် သာယာပါတယ်ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ငါ့စကားသံက သံစဉ်အလင်္ကာတွေထက် ချိုမြပါတယ်ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ
တစ်သက်မခွဲ ခိုင်မြဲစွာ လက်တွဲထားမယ်ဆိုတဲ့ စကားအတွက်
ကျေးဇူးပါ ချစ်သူ
ဝမ်းနည်းမှုတွေကို ဖေးမလို့ ပျော်ရွှင်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ
ဒါတွေက ဟန်ဆောင်မှုတွေပါလို့ ဆိုခဲ့ရင်လည်း
ကျေးဇူးပါ ချစ်သူ
ငါ့ရဲ့လှပနေတဲ့ မင်းအတွက် စိတ်ကူးအိမ်မက်လေးကနေတော့
မနှိုးထပါရစေနဲ့ ချစ်သူ…..
In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

မှန်၏ .. အားပေးနေပါတယ် …

commentinfo By: eTerNITY at Nov 25, 2011
Comment #2

မျှဝေခံစား ခဲ.ပါတရ်…လေးစားလျှက်…လမင်းပျို..

commentinfo By: [email protected] at Nov 26, 2011
Comment #3

r,,,,,,,,,,
sate to lar p naw,,
a hman tway par so nay hma pe..
han saung de so p sut swe nay te tot?
a pyit pay dot hmar naw.
he,,he,.,

commentinfo By: ei lay at Nov 26, 2011
Comment #4

a yan kyike de kwar.

commentinfo By: ei lay at Dec 14, 2011
Comment #5

ငါ့အပြုံးက မင်းကိုအေးမြစေပါတယ်လို့ ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ

commentinfo By: မြတ်နိုးမွန် at May 18, 2012
Comment #6

so much like.

commentinfo By: ei lay at Jun 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment