Professional Authors

နေ (တာရာမင်းဝေ)

ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

နေတတ်ခဲ့တော့လည်း ကျေနပ်ခဲ့ရတယ်ပေါ့ရှင်….

commentinfo By: မှုံရွှေရည် at Jun 29, 2010
Comment #2

ငါ့ကြောင့် သူများတွေ ပျော်တာကိုကြည့်ပြီးတော့လည်း ငါပျော်တယ်။

commentinfo By: MayMyatThu at Jul 4, 2010
Comment #3

သူများပျော်တာကိုကြည့်ပြီး ပျော်နေရတဲ့ဘ၀ ပါ ….

commentinfo By: ဆောင်းပြာသို at Jul 29, 2010
Comment #4

ငါဟာ ဘယ်တော့မှ တစ်ကိုယ်တော်မဖြစ်ခဲ့ပါဘူးကွယ်။

အားလုံးကို အဖျော်ဖြေ ခံတင်ဆက်တဲ့ ဘ၀ကိုမှ ရွေးချယ်ခဲ့မှတော့

သူတို့ပျော်ပါစေပေါ့

commentinfo By: နှင်းဝေမိုးလတ် at Sep 9, 2010
Comment #5

ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။ 🙂

commentinfo By: Moesut Nay at Apr 20, 2011
Comment #6

ဘ၀က…အဖြည့်ခံ..ဖြစ်ခဲ့ရတော့…၀မ်းနည်းမှုတွေ..ကြေကွဲမှုတွေ…ကြေနပ်မှုတွေနဲ့ပေါ့……

commentinfo By: အောင်ကျော်ဇံ at Jun 25, 2011
Comment #7

moon

commentinfo By: Phoo at Jul 14, 2011
Comment #8

ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။………
အဲဒီလိုတော့ဖြစ်ချင်ခဲ့သား………………း(

commentinfo By: aye chan khine at Jul 22, 2011
Comment #9

ဟုတ်ပါတယ် ဘယ်တုန်းကမှ တစ်ကိုယ်တော်မဖြစ်ခဲ့ပါဘူး
သမီးတို့တွေနဲ့ အတူတူ အခုအထိရှိနေဆဲပါ…….
“အားလုံးကိုစွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်”

commentinfo By: သမီး at Oct 8, 2011
Comment #10

“ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။” …. အရမ်းကြိုက်တဲ့ စာသားလေးပါ ဆရာရေ … 🙂

commentinfo By: မိုးညချမ်း at Jul 6, 2012
Comment #11

ဟုတ်ပါတယ်၊၊ဆရာဟာဘယ်တော့မှတစ်ကိုယ်တော်မဖြစ်ပါဘူး။
ကာရန်တွေ၊စကားလုံးတွေကိုရဲရင့်စွာရိုက်ချိုး
ပျံသန်းခဲ့ဘူးတဲ့ကြယ်တစ်လုံးက
ငါတို့ရင်ထဲမှာအမြဲထွန်းလင်းနေမှာ။

commentinfo By: နေလေး at Sep 15, 2012
Comment #12

ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

တစ်ကိုယ်တော် မဖြစ်ပေမဲ့ အရမ်းအထီးကျန်ဆန်နေတယ်ဆရာ…. ဒီကဗျာလေးတွေ ပြန်ငတ်နေရတာကလည်း တော်တော် ခံစားရတယ်

commentinfo By: 13th at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment