Professional Authors

ကျောက်သင်ပုန်းရဲ့ အိပ်မက်

ဘ၀ရဲ့ .

ခပ်ကွေးကွေးမီးတိုင်တွေက

လင်းတလှည့် မှိန်တလီ

အစီအရီပါပဲ

ငါ့မျှော်လင့်ချက်တွေကတော့

ကစဥ့်ကလျား ခုန်ပေါက်ပြေးလွှားနေတယ်

လ သာ ရင် ကြယ်မစုံရဘူးတဲ့လားကွယ် . . .

 

သမားတော် ယောင်ယောင်

သေမင်း ယောင်ယောင်နဲ့

သူ့ကိုယ်သူ တရားသူကြီးတဲ့လေ . .

နာရီလက်တံက တဆင့်

ထုတ်ပြန်မဲ့

အမိန့်စာတမ်း

ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့

ငါ ရင်မခုန်ချင်တော့ဘူး ။

 

ပြေးပြေးလွှားလွှားနဲ့

ရာဇမက်ကွက် မကာချင်ခဲ့တဲ့

တစ်ရက်ခံ ကဗျာတစ်ပုဒ်

ဂါထာတစ်ပုဒ်လို တတွတ်တွတ် ရွတ်ဆိုဖူးတယ်

တစ်ဖက်တွန့် နှုတ်ခမ်းတွေထဲက

ခပ်ဟက်ဟက် ရယ်သံ

(မထူးဆန်းပါဘူးကွယ်)ံ

ငါ့ ရင်ဘတ် အသားမာတက်တာ ကြာပေါ့ ။

 

ဒါကိုပဲ . .

ဘ၀ရဲ့ အနှစ်သာရ လို့

မချင့်မရဲ လက်ခံရင်း

ကျောက်သင်ပုန်းတချပ်လို

ထင်မှတ်မှားခံ ငါ့အတွက်

ဆောင်းအိမ်မက်များနဲ့

နိုးထတဲ့ နံနက်ခင်းမှာ

နှုတ်ဆက်သူ ကင်းမဲ့နေလေရဲ့ ။  ။

In: ကဗျာ Posted By: Date: Nov 23, 2011
Comment #1

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

commentinfo By: Myanmar Online Music at Nov 24, 2011
Comment #2

လုလင် အားပေးသွားပါသည်

Comment #3

ကျေးဇူးတင်ပါသည်။

commentinfo By: mgchannaye at Nov 25, 2011
Comment #4

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Nov 25, 2011
Comment #5

ပြေးပြေးလွှားလွှားနဲ့

ရာဇမက်ကွက် မကာချင်ခဲ့တဲ့

တစ်ရက်ခံ ကဗျာတစ်ပုဒ်

ဂါထာတစ်ပုဒ်လို တတွတ်တွတ် ရွတ်ဆိုဖူးတယ်

တစ်ဖက်တွန့် နှုတ်ခမ်းတွေထဲက

commentinfo By: moehtetaung18 at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment