Professional Authors
*အကျည်းတန် ပန်းချီကား*
မပြီးဆုံးတဲ့ပန်းချီကားကို
ရေးဆွဲခဲ့မိပြီပဲ…….
မပြီးနိုင်မှန်းသိပေမယ့်လည်း
လက်လျှော့ဖို့မစဉ်းစားခဲ့မိဘူး…….
ကံကြမ္မာရဲ့မျက်နှာသာပေးမှု
အောက်မှာပြီးဆုံးနိုင်မယ်လို့
ငါ ယုံကြည်ခဲ့တယ်………
အချစ်ဆိုတဲ့ ပန်းချီကားကို
(၁၅၀၀)ဆိုတဲ့ မှင်နဲ့ရေးဆွဲခဲ့ပြီး…
မှင်မကုန်သေးသရွေ့တော့
ပန်းချီကားကပြီးဆုံးခြင်းမရှိဘူးပေါ့လေ……
ဒါပေမယ့်လည်း မှင်မကုန်ခင်
ငါ့ရဲ့စိတ်ကူးယဉ်မှုအဆုံးသတ်မယ်
ငါ့မျှော်လင့်ချက်တွေ ပြည့်စုံခဲ့ရင်တော့
လှပတဲ့ ပန်းချီကားကြီးကိုနင်ကြည့်ရမှာပေါ့……
ပန်းချီကားကို အဆုံးမသတ်နိုင်ခင်
မှင်ကုန်သွားခဲ့ရင်တော့
အကျည်းတန်တဲ့ နေ၀င်ချိန်တွေနဲ့
မလှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာမှာပေါ့လေ…
အဲ့ဒီလိုအကျည်းတန် မလှပတဲ့ ပန်းချီကားကိုတော့
မင်း ဘယ်တော့မှမတွေ့စေရပါဘူး..
မင်းပျော်ရွှင်ဖို့ မင်းကြည်နူးဖို့အတွက်
ငါ့ရဲ့ပန်းချီကားကို ဖျောက်ဖျက်ခဲ့ပါမှာ…
ဝမ်းနည်းစရာ စိတ်ပျက်စရာဖြစ်မယ့်
ငါ့ ပန်းချီကားကို မင်းမမြင်စေရပါဘူး
အမှတ်မထင် မတော်တဆဖြစ်ရပ်တွေနဲ့တောင်
မင်းမတွေ့စေရပါဘူး……….
ဒါပေမယ့် မင်းအရမ်းကြည့်ချင်မိရင်တော့
ငါသေဆုံးသွားတဲ့တစ်နေ့မှာ
မင်းကြည့်ခွင့်ရှိလာမှာပါ……ငါ့ရင်ကိုခွဲပြီးတော့ပေါ့လေ..
ပန်းချီကားကိုတွေ့ခဲ့ရင်လည်း
မင်း ဘယ်တော့မှ မငိုကြွေးပါနဲ့…..မျက်ရည်မကျပါနဲ့…
ဟားတိုက်ရယ်မောလှောငိလိုက်ပါ….
လောကရဲ့ အထီးကျန် အကျည်းတန်တဲ့
ပန်းချီကားကို ရေးဆွဲခဲ့တဲ့လူ  “ငါ'”….ကိုပေါ့……..
                  * ဓားစာခံ နှလုံးသားကို
                    ဓားသွားပေါ် အလှဆင်
                    ပတ္တမြားရောင် မှင်ရည်စက်
                    ကုန်လုလု ရှိလေပြီ…….
                    အလှဆင် ပန်းချီကား
                    မပြီးဆုံးသော ပန်းချီကား
                    ကြွေကွဲစွာ အဆုံးသတ်
                    အက်ကွဲခဲ့တဲ့ နှလုံးသားကား
                    အထီးကျန်လူသားရဲ့
                    “အကျည်းတန် ပန်းချီကား”……
In: ကဗျာ Posted By: Date: Nov 23, 2011
Comment #1
ဒါပေမယ့်လည်း မှင်မကုန်ခင်
ငါ့ရဲ့စိတ်ကူးယဉ်မှုအဆုံးသတ်မယ်
..
ငါသေဆုံးသွားတဲ့တစ်နေ့မှာ
မင်းကြည့်ခွင့်ရှိလာမှာပါ……ငါ့ရင်ကိုခွဲပြီးတော့ပေါ့လေ..
……..
မပြီးဆုံးသော ပန်းချီကား
ကြွေကွဲစွာ အဆုံးသတ်
အက်ကွဲခဲ့တဲ့ နှလုံးသားကား
အထီးကျန်လူသားရဲ့
“အကျည်းတန် ပန်းချီကား”……
..
နှစ်သက် အားပေးသွားပါသည်
commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #2
ကျေးဇူးတင်ပါတယ် အသဲကွဲမိုး….
commentinfo By: Gipsy Lay at Nov 26, 2011
Comment #3
wow,,,,,,,,,,,,
so strong
commentinfo By: ei lay at Nov 26, 2011
Comment #4
wow,,,,,,,,,so strong
commentinfo By: ei lay at Nov 26, 2011
Comment #5
ကျေးဇူးပါ အိလေး
commentinfo By: Gipsy Lay at Nov 29, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment