Professional Authors

သင်းကွဲသူများ (၁) – တာရာမင်းဝေ

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

ဒီလိုနဲ့ပဲ မီးစာမကုန်ပဲ မီးအိမ်တွေ ငြိမ်းခဲ့ကြပေါ့ရှင်…

commentinfo By: မှုံရွှေရည် at Jun 6, 2011
Comment #2

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment