Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34814 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

အချစ်သက်သက်

ပြောခဲ့ဘူးတယ်
ရင်ကွဲအောင်
လွမ်းခဲ့ပါစေ…
ွှအဖြူရောင်ထက်ပိုမတိုးချင်တဲ့…ငါ
ရင်ခုန်သံတွေအကျဉ်းချခဲ့ပေမယ့်
မင်းကို…
ရင်ထဲမှာ…အနှိုင်းအဆမဲ့
ချစ်တယ်…။

တွေးခဲ့ဘူးတယ်
ကြယ်ကြွေတွေရေသောက်ဆင်းတဲ့
မျက်ဝန်းတစ်စုံထဲ
ငေးမောပျော်ဝင်ဘူးတဲ့…ငါ
မမြင်နိုင်အောင်လျှို့ဝှက်ခဲ့ပေမယ့်
ချစ်ခြင်းက ရင်ခွင်နှစ်စုံကြား
သက်တန့်တစ်စင်းဖန်ဆင်းချင်ခဲ့တာ…
မင်းကိုလေ…
ရင်ထဲမှာ…အတိုင်းအဆမဲ့
ချစ်တယ်…။

မေးခဲ့ဘူးတယ်
အချစ်ဆိုတဲ့ကဗျာ
စာနှစ်လုံးနဲ့သာဖွဲ့ခဲ့ပေမယ့်
ဘာကြောင့်များ ရသမြောက်ခဲ့တာလဲ…
သူ့အတွက်ဆိုရုပ်ကြွင်းမဖြစ်တဲ့
ချစ်ခြင်းဆက်ရင်ခုန်သံတွေ
ွတိတ်တဆိတ်ကွယ်ဝှက်ဖို့ရာ
ကြယ်တွေနဲ့အတူလမင်းထဲ
ကျွန်တော်ဝင်ပုန်းဖြစ်ခဲ့တယ်….။

ကောင်မလေးရယ်
မင်းကို…
ငါ့ရင်ထဲမှာ…အပိုင်းအခြားမဲ့ကို
ချစ်တယ်…
ဒါပေမယ့်လေ
ကဗျာတစ်ပုဒ်လောက်နင်စိတ်မ၀င်စားတဲ့
ငါ့အချစ်က…
အချစ်သက်သက် …သာပါပဲ…။။
နေညို

In: ကဗျာ Posted By: Date: May 18, 2010
Comment #1

ကောင်းလိုက်တာဗျာ။ အဲ့လိုကဗျာ ရေးတတ်ချင်တယ်။

commentinfo By: NMT at May 20, 2010
Comment #2

ကြယ်နဲ့အတူလမင်းထဲတောင်
ဝင်ပုန်းဖြစ်တယ်တဲ့လား…စာသားလေးတွေကောင်းလိုက်တာ…။။။

commentinfo By: အမရာ at Jun 19, 2010
Comment #3

အရမ်းကောင်းတာပဲ
ဖတ်ရတာ စိတ်လဲ မကောင်းဝူး
ချစ်တတ်သူတွေရဲ့ ဘာသာဗေဒက အမြဲ လွမ်းရစမြဲ

commentinfo By: lwanhlainge at Jun 19, 2010
Comment #4

နော်လဲအဲ့လိုကဗျာ ရေးတတ်ချင်တယ်။

commentinfo By: နော်ဧရာဝတီ at Jun 19, 2010
Comment #5

ကျွန်တော့်ကဗျာကိုအားပေးကြတဲ့ မအမရာတို့ မ မနောဖြူလေးတို့ လွမ်းလှိုင်းတို့ ကိုNMT တို့ကို ကျေးဇူးအရမ်းတင်ပါတယ်ဗျာ…
ကျွန်တော့် ကဗျာတိုင်းဖတ်ပြီးအားပေးနေတဲ့ မ အမရာရေ ကျေးဇူးပါဗျာ..။
အစ်မ ကဗျာတွေလဲအရမ်းကောင်းပါတယ်…။ကျွန်တော်အားပေးနေပါတယ်…။
ကျွန်တော့ကဗျာကိုလဲဆက်လက်အားပေးကြပါလို့….။မမနောဖြူလေးရေ အစ်မ ကဗျာတွေကိုကျွန်တော်ပြန်ဝေဖန်ဦးမယ်နော်…။

commentinfo By: naynyo23 at Jun 19, 2010
Comment #6

ရမ်းကောင်းပေါ့ဗျာ အဲ့လိုရေးတတ်ချင်လိုက်တာ ကဗျာလေးကိုဖတ်ရင်းနဲ့ချစ်သူကိုလွမ်းတောင်လာတယ်

commentinfo By: gaganana at Sep 16, 2010
Comment #7

sooooooooooooooo niceeeeeeeeeeeeeeeeeeeeee

commentinfo By: ei lay at Dec 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)