Professional Authors

ပြန်လာခဲ့ပါ…ကို

လောကရဲ့မာယာတွေကြားမှာ

ဆုံးရှုံးမှူ့ တွေအထပ်ထပ်နဲ့လဲပြိုကျ

တွဲထူဖို့လက်တစ်စုံလိုအပ်လာတဲ့အခါ

ပြန်လာခဲ့ပါ…ကို

 

တံလျက်ကိုရေလို့မြင်

ထင်ထားတဲ့အရာတွေအကုန်မှား

အမှန်တရားတွေသိမြင်လာတဲ့အခါ

ပြန်လာခဲ့ပါ…ကို

 

ဝမ်းနည်းမှု့ တွေကိုမြိုသိပ်

ခံစားချက်တွေလျစ်လျူရှု့ ခံရလို့

င့ါလောက်ဘယ်သူမှနားလည်မပေးနိုင်တဲ့အခါ

ပြန်လာခဲ့ပါ…ကို

 

အမှားတွေအထပ်ထပ်ကျူးလွန်

အပြင်တင်ဝေဖန်သံတွေကြား

နင်စိတ်ပင်ပန်းလာတဲ့အခါ

ပြန်လာခဲ့ပါ….ကို

 

င့ါရင်ခွင်ကိုခြေစုန်ကန်

နင်ပျော်နိုင်မယ့်လမ်းေ၇ွးချယ်ပြီးမှ

နောင်တတွေအထပ်ထပ်နဲ့နလန်မထူနိုင်တဲ့အခါ

ပြန်လာခဲ့ပါ…ကို

 

နင်ဘာတွေပဲလုပ်နေလုပ်နေ

ဘယ်လိုပဲဖြစ်နေဖြစ်နေ

မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့

ထ၀ရမျှော်နေဦးမှာပါ

ပြန်လာခဲ့ပါ…ကို

 

ဆည်းဆာ

In: ကဗျာ Posted By: Date: Nov 19, 2011
Comment #1

နင်ဘာတွေပဲလုပ်နေလုပ်နေ

ဘယ်လိုပဲဖြစ်နေဖြစ်နေ

မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့

ထ၀ရမျှော်နေဦးမှာပါ

ပြန်လာခဲ့ပါ…ကို

ဆည်းဆာ

ပြန်လာခဲ့ပါတဲ့။
ကိုယ့်လူရေ
ခေါ်နေပြီ
ဆည်းဆာဆိုတော့ ညဦးရောက်တော့မယ်
မြန်မာပြည်ဆိုရင်တော့ လျှစ်စစ်မဲ့ညမိုက်တွေကို သူမတစ်ယောက်ထဲ ၇င်ဆိုင်နိုင်ချင်မှ ရင်ဆိုင်နိုင်မယ်မလား
ဆိုတော့ ပြန်လာပါ မြန်မြန်ပြန်လာပါ။
မမှောင်ခင်ပြန်လာပါ
အမှောင်တွေကုန်လွန်ရင် မနက်ခင်းဆိုတာတော့ သတိရမိပါသေးတော့..

commentinfo By: ခမ်းမွန်ကစ် at Nov 19, 2011
Comment #2

ငါ့ရင်ခွင်ကိုခြေစုံကန်
နင်ပျော်နိုင်မယ့်လမ်းရွေးချယ်ပြီးမှ
နောင်တတွေအထပ်ထပ်နဲ့နလန်မထူနိုင်တဲ့အခါ
ပြန်လာခဲ့ပါ…ကို
စကားလုံးအသုံးအနှုန်းတွေ ရေလည်လန်းပါကြောင်း
အားပေးသွားပါသည် ။

commentinfo By: X - ray at Nov 19, 2011
Comment #3

ဝမ်းနည်းမှု့ တွေကိုမြိုသိပ်
ခံစားချက်တွေလျစ်လျူရှု့ ခံရလို့
င့ါလောက်ဘယ်သူမှနားလည်မပေးနိုင်တဲ့အခါ
ပြန်လာခဲ့ပါ…ကို
တကယ်အရမ်းကောင်းပါတယ် အားပေးသွားတယ် ဆည်းဆာရေ….။

commentinfo By: ကေသရီ at Nov 19, 2011
Comment #4

ပြန်လာခဲ့ပါ.. ကို ဖတ်ပြီး လွမ်းသွားတယ် ကြိုက်ပါတယ် အားပေးသွားတယ်

commentinfo By: lunar at Nov 19, 2011
Comment #5

ခံစားပြီးအားပေးသွားတဲ့လူတွေကိုကျေးဇူးပါ

commentinfo By: ဆည်းဆာ at Nov 20, 2011
Comment #6

oh,,,
feel sorry.
want to cry after reading.

commentinfo By: ei lay at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment