Professional Authors

သည်းခြေမှာတမ်း – နရီထက်

ငါဆိုတဲ့ ကမ္ဘာလောက်နဲ့တော့
မြေမှုန့်တွေက အသေကောင် မဟုတ်ဘူး
ရှင်သန်ခွင့်ကို ခိုလှုံခွင့်တောင်းတာ
တကိုယ်ကောင်းဆန်ခြင်းက ပယ်ချပြီးထားပါ
ငါဆိုတဲ့ ၀ါဒီလောက်နဲ့တော့
ငြိမ်းချမ်းကို ဖြိုခွင်းမလိုက်နဲ့
အရိပ်တွေက တစ္တေကောင် အသာလောက်ပါပဲ
မင်းကို ၀ါးမြိုသိမ်းသွင်း ဇာတ်သိမ်းသွားနိုင်တယ်
ငါဆိုတဲ့ အထာလောက်နဲ့တော့
အဖန်ဆင်းခံကို စိန်မခေါ်လိုက်စမ်းပါနဲ့
နောက်ကွယ်က ၀ိညာဉ်တွေက လောင်မြိုက်လို့ပါကွယ်
သွေးပျက်စရာ ညအမှောင်တွေက
ခြောက်ခြားစရာ သန်းယံခေါင်တွေနဲ့
မင်းရဲ့ မနက်ခင်းကို သိမ်းပိုက်တတ်လို့ပါ
ိပိုင်ဆိုင်ကျော်လွန်ခွင့်မရှိတဲ့ အသက်ငင်ဇောကိုတော့
ငါဆိုတဲ့ မိစ္ဆာ၀ါဒနှင့် မကာကွယ်နိုင်လို့ပါ…..

နရီထက်
( ၁၅ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

ဒိကဗျာက ဖြဲခြောက်ထားတဲ့  ကဗျာပဲ။ စာသားနည်နည်းပြင်းတယ် အတ္တ ကြီးတဲ့ လူတစ်ယောက် အကြောင်းရေထားတာနော်။

ငါဆိုတဲ့ ၀ါဒီလောက်နဲ့တော့
ငြိမ်းချမ်းကို ဖြိုခွင်းမလိုက်နဲ့
အရိပ်တွေက တစ္တေကောင် အသာလောက်ပါပဲ
မင်းကို ၀ါးမြိုသိမ်းသွင်း ဇာတ်သိမ်းသွားနိုင်တယ်
ငါဆိုတဲ့ အထာလောက်နဲ့တော့
အဖန်ဆင်းခံကို စိန်မခေါ်လိုက်စမ်းပါနဲ့
ပိုင်ဆိုင်ကျော်လွန်ခွင့်မရှိတဲ့ အသက်ငင်ဇောကိုတော့
ငါဆိုတဲ့ မိစ္ဆာ၀ါဒနှင့် မကာကွယ်နိုင်လို့ပါ…အဲ့အပှဒ်လေးတွေကြိုက်တယ် ကိုကြီး ကြီုက်တယ် အားပေးနေတ်ာနော်………………..

commentinfo By: thuya at Nov 15, 2011
Comment #2

ငါဆိုတဲ့ မိစ္ဆာ၀ါဒနှင့် မကာကွယ်နိုင်လို့ပါ…..
(ငါ)ဆိုတာကိုဒီကဗျာလေးဖတ်ပီး ရှောင်နိုင်ကြပါစေဗျာ
အရမ်းကောင်းပါတယ် အားပေးသွားတယ်နော်

commentinfo By: harris at Nov 15, 2011
Comment #3

ငါဆိုတဲ့ ၀ါဒီလောက်နဲ့တော့
ငြိမ်းချမ်းကို ဖြိုခွင်းမလိုက်နဲ့
အရိပ်တွေက တစ္တေကောင် အသာလောက်ပါပဲ

Leave Comments

Name*

Email*
Website
Email me whenever there is new comment