Professional Authors

စွန့်လွတ်သူရဲ့ ကြေကွဲခြင်း

မနက်ဖြန်တွေရောက်ရင်
ငါတို့နှစ်ယောက် တဖြည်းဖြည်းဝေး
မနေ့တနေ့ကလို အနမ်းတွေနဲ့
အလှမ်းဝေး……ဆွေးမြည့်ရပါတော့မယ်….။

ပိုင်ဆိုင်လိုစိတ်တော့ အနည်းအကျဉ်းရှိတာပေါ့
နင်က ငါ့ချစ်သူလေ…..
အဆုံးစွန်ထိ ပေးဆပ်ကြည့်ပြီးမှ
အခု ငါတို့…..ထာဝရခွဲခွာခြင်းမှာ
ဘယ်သူက ပိုနစ်နာခဲ့တာတဲ့လဲ….?

အချစ်တို့မှားတယ်ဆိုရင်
အလွမ်းတို့များစွာ ရှိခဲ့ဖူးကြောင်း
ငါ့နားနဲ့ ဆက်ဆက်ကြားအောင်
နင် ဘာကြောင့် သွေးဆောင်ခဲ့လဲ….?

ဆုံးရှုံးသွားပြီးမှ
ငါလည်း……..ဘယ်လို တက်ကြွအောင်နေနေ
ရယ်လျက်နဲ့ မျက်ရည်ဝဲ
တကယ်ပါ
ဖြေသိမ့်နေဆဲဆိုပေမယ့်
နင့်နင့်နဲ့နဲ ဝေဒနာဆိုတာ ငါနဲ့ ကပ်….ယှဉ်တွဲနေတယ်….။

ချစ်သူရေ
အဝေးမှာ နေနေတယ်
နေခဲ့တယ်
နေပေးတယ်…..
ဒါပေမယ့်
ငါ့ခံစားချက် အငွေ့သက်သက်တွေနဲ့
ငါ လေလွင့်နေတယ်ဆိုတာ…
နင် ဘယ်လို တဆင့်ခံ နာကြားမှုနဲ့
သိခွင့်ရမှာတဲ့လဲဟာ……????

အလွမ်း(ကေသရီ)


In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

ပိုင်ဆိုင်ရမှအချစ်မဟုတ်ပါဘူးဗျာ စွန့်လွတ်အနစ်နာခံတာလည်းအချစ်ပဲဗျ ပေးဆပ်တဲ့အချစ်ပေါ့ဗျာ ကျွန်တော့အမြင်ပါ အားပေးသွားတယ်ဗျ ။

commentinfo By: X - ray at Nov 14, 2011
Comment #2

အချစ်တို့မှားတယ်ဆိုရင်
အလွမ်းတို့များစွာ ရှိခဲ့ဖူးကြောင်း
ငါ့နားနဲ့ ဆက်ဆက်ကြားအောင်
နင် ဘာကြောင့် သွေးဆောင်ခဲ့လဲ….?

commentinfo By: Nge Lay at Nov 14, 2011
Comment #3

nice

commentinfo By: ei lay at Nov 14, 2011
Comment #4

လုလင် အားပေးသွားပါတယ်
အချစ်တို့မှားတယ်ဆိုရင်
အလွမ်းတို့များစွာ ရှိခဲ့ဖူးကြောင်း
ငါ့နားနဲ့ ဆက်ဆက်ကြားအောင်
နင် ဘာကြောင့် သွေးဆောင်ခဲ့လဲ….?

Comment #5

ချစ်သူရေ
အဝေးမှာ နေနေတယ်
နေခဲ့တယ်
နေပေးတယ်…..
ဒါပေမယ့်
ငါ့ခံစားချက် အငွေ့သက်သက်တွေနဲ့
ငါ လေလွင့်နေတယ်ဆိုတာ…
နင် ဘယ်လို တဆင့်ခံ နာကြားမှုနဲ့
သိခွင့်ရမှာတဲ့လဲဟာ……????
အားပေးသွားပါတယ်။ အလွမ်းးးးးး

commentinfo By: poem.poem28 at Nov 15, 2011
Comment #6

ဆုံးရှုံးသွားပြီးမှ
ငါလည်း……..ဘယ်လို တက်ကြွအောင်နေနေ
ရယ်လျက်နဲ့ မျက်ရည်ဝဲ
တကယ်ပ……………………..ါအားပေးသွားပါတယ်။ အလွမ်းးးးးး

commentinfo By: thulattyar at Nov 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment