Professional Authors

အိပ်ပျော်နေတဲ့ နတ်သမီး…(သို့) ချစ်သူ.

သိပ်ချစ်ရတဲ့ ချစ်သူလေး…..

အပြစ်ကင်းစွာ အိပ်ပျော်နေလိုက်တာ…..

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ…..

သူ့အိပ်မက်ထဲ ဘယ်သူတွေရှိနေလဲ
စိတ်မ၀င်စားဘူး……
နွေးနွေးထွေးထွေး အိပ်ပျော်နေဖို့ကအရေးကြီးတယ်….
ကျုပ် မေတ္တာတွေနဲ့…
သူ့ကို ခြုံပေးထားခဲ့လိုက်တယ်……..

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိုက်တာ….
ဘယ်လောက်များငြိမ်းချမ်းလိုက်လဲ…..
တခါတခါ ယောင်ပြီးများ ပြုံးလိုက်ရင်…
တကယ်ကို ကမ္ဘာကြီးတစ်ခုလုံးကိုမေ့သွားတယ်…..
ညင်သာလွန်းတဲ့ အသက်ရှုသံက…
ည..လေညှင်းထက်တောင်အေးမြတယ်….
တကယ်ပါ…
ငေးကြည့်နေရုံလေးနဲ့ ကျုပ် …ကျေနပ်ခဲ့တာ

တခါတခါမှာ…
သူ ယမ်းယောင်ပြီးတမ်းတ လိုက်တာ
ကျုပ်နာမည် မဟုတ်ဘူး……..
နားလည်စွာနဲ့ ကျုပ် ထွက်လာခဲ့တယ်….
ခြေသံဖွဖွလေးနဲ့ပေါ့….
တိုးညှင်းလွန်းတဲ့သက်ပြင်းကို
မ၀ံ့မရဲ ချ ထားခဲ့ရင်း…..
အသာအယာပဲလှည့်ထွက်လာခဲ့တယ်….
သူ အိပ်ပျော်နေပါစေ……
သူ့အိပ်မက်တွေ လှပါစေ…..

ချစ်မေတ္တာတွေကိုတော့…..
ကျုပ် ချန်ထားခဲ့လိုက်တယ်….
သူလေး နွေးထွေးနိုင်ပါစေလေ………။          ။

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

ချစ်မေတ္တာတွေကိုတော့…..
ကျုပ် ချန်ထားခဲ့လိုက်တယ်….
သူလေး နွေးထွေးနိုင်ပါစေလေ………။
အားပေးသွားပါတယ။်

commentinfo By: poem.poem28 at Nov 14, 2011
Comment #2

oh,,
so so smooth & gentle.
taw taw chit tat tar pe.
e lo myo ate loh pyaw nay yin kaung hmar pe.

he,,he,,
ei lay le ate yin yaung tat de,
nae a chain ka a phyit tway ko sate swe p nya ate yin a kone pyan pyaw yaw.
ma kyay nat yin ngo de.
pyaw yin dot yee tar pop naw,
na me ko le pyat pyat tar tar ko pyaw pya tar de.
he,,he,,

commentinfo By: ei lay at Nov 14, 2011
Comment #3

တခါတခါမှာ…
သူ ယမ်းယောင်ပြီးတမ်းတ လိုက်တာ
ကျုပ်နာမည် မဟုတ်ဘူး……..
နားလည်စွာနဲ့ ကျုပ် ထွက်လာခဲ့တယ်….
ခြေသံဖွဖွလေးနဲ့ပေါ့….
တိုးညှင်းလွန်းတဲ့သက်ပြင်းကို
မ၀ံ့မရဲ ချ ထားခဲ့ရင်း…..
အသာအယာပဲလှည့်ထွက်လာခဲ့တယ်….
သူ အိပ်ပျော်နေပါစေ……
သူ့အိပ်မက်တွေ လှပါစေ…..

ချစ်မေတ္တာတွေကိုတော့…..
ကျုပ် ချန်ထားခဲ့လိုက်တယ်….
သူလေး နွေးထွေးနိုင်ပါစေလေ………။

commentinfo By: May Kha at Nov 14, 2011
Comment #4

ကဗျာက တော်တော်နူးညံ့တယ် ဖတ်လို့လည်းကောင်းသဗျ
အားပေးသွားပါကြောင်း ~~

commentinfo By: X - ray at Nov 14, 2011
Comment #5

အ၇မ်းကောင်းတယ်ဗျာ ဒီကဗျာလေး

commentinfo By: Village chat kyi at Nov 14, 2011
Comment #6

ချစ်မေတ္တာတွေကိုတော့…..
ကျုပ် ချန်ထားခဲ့လိုက်တယ်….
သူလေး နွေးထွေးနိုင်ပါစေလေ………။

Comment #7

GOOD pa . .. 😉

commentinfo By: Natthamee at Nov 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment