Professional Authors

အကောင်းအဆိုး နှစ်တန်

သဏ္ဍာန်မဲ့တဲ့ ပြယုဂ်နှစ်ခုကြားက
အကောင်းအဆိုး ခွဲခြားခြင်းဟာ
တိုင်းပြည်ကြီးထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပြည်နယ်တွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
တိုင်းခရိုင်တွေထဲ ဖြတ်သန်းစီးဆင်းသွားတာမဟုတ်ဘူး
နိုင်ငံရေးတွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပါတီတွေထဲ ဖြတ်သန်းသွားတာမဟုတ်ဘူး
စီးပွားရေးတွေထဲကို ဖြတ်သန်းသွားတာ မဟုတ်ဘူး
အဲဒီအကောင်းအဆိုး နှစ်တန်ခွဲခြားဟာ
ပြည်သူတွေထဲ ဖြတ်သန်းစီးဆင်းသွားတာပါ။

တကယ်တမ်း….
ခံစားချက်တွေ အိတ်သွန်ဖာမှောက်ပြီး
အကောင်းအဆိုး ရလာဒ်နှစ်တန်ကို
သူတို့နားလည် သဘောပေါက်လို့
ဖီဆန်ခြင်းမရှိသော အသိတရားတွေနဲ့
နားလည်မှုအပြည့် မေတ္တာဖြည့်ရင်း
ပြည်သူ့ရင်ခွင်ကို ကြည့်လှည့်ပါလို့
မေတ္တာစာလေး ပါးလိုက်ချင်ပါတယ်
ပြည်သူ့တရားရှင် သမာဓိခုံတော်ရယ်..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

ပည်သူ့ရင်ခွင်ကို ကြည့်လှည့်ပါလို့
မေတ္တာစာလေး ပါးလိုက်ချင်ပါတယ်
ပြည်သူ့တရားရှင် သမာဓိခုံတော်ရယ်..။

Comment #2

ကျေးဇူးပါ လုလင်ငယ်သွေး..။

Comment #3

ခင်ဗျား ကဗျာတွေက နည်းနည်း လေး သလားလို့  ဗျ.. ကျွန်တော် အမြင်ပါ

Comment #4

ကဗျာကမလေးပါဘူး
ဖတ်သူကလေးနေတာနေမှာပါ…
ဒီကဗျာလေးဖတ်လိုက်ကလို့ ကျွန်တော့်ရင်မှာ
ပေါ့သွားတာလေးရှိတယ်

commentinfo By: yaewintaung at Nov 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment