Professional Authors

ဖြစ်တည်ခြင်း (မင်းကိုချစ်တဲ့သူ)

တွယ်ရာမဲ့တဲ့ အတွေးတွေနဲ့

ဆွေးဆွေးလေပဲ ကမ္ဘာတဖက်မှာ

ငါတယောက်ထဲ မနက်တွေနဲ့

အဖော်မဲ့စွာ ကော်ဖီတခွက်သောက်ခဲ့တယ်…

 

မနက်ဖြန် အထပ်ထပ်တွေနဲ့

ဆက်နေခဲ့ ဒီနေ့တွေဟာလဲ

ပုံတူကူးထားတဲ့ မနေ့ကလိုပဲ

ထူးခြားလာခြင်းဟာ ဆိတ်သုဉ်းနေစမြဲ…

 

ရုန်းမထွက်ချင်တဲ့ အိပ်မက်တွေမှာ

ပျော်မွေ့ ခြင်းတွေ များစွာနဲ့

မင်းအနားမှာ နေရတဲ့ညအချိန်ဟာ

ငါ့အတွက် တိုတောင်းလွန်းတယ်…

 

ကိုးကွယ်ရာမဲ့တဲ့ အချစ်တွေနဲ့

ဆောက်တည်ရာမရတဲ့ နှလုံးသားမှာ

ရင်ခုန်သံတွေ ဘာသာပြန်မရအောင်

ဘယ်ဖက်ရင်ဘတ်က ဗြောင်းဆံနေခဲ့ပြီ…

 

ကမ္ဘာအတွက် နေဖြစ်တည်နေတာလား?

နေအတွက် ကမ္ဘာက ဖြစ်တည်နေတာလား?

အဖြေခက်တဲ့ အတွေးတွေကိုဖယ်လို့

အရိုးဆင်းဆုံး ပြောခဲ့ပါရစေ

ကောင်မလေး…

ငါဖြစ်တည်လာခြင်းဟာ မင်းအတွက်ပါပဲ….

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

ကမ္ဘာအတွက် နေဖြစ်တည်နေတာလား?

နေအတွက် ကမ္ဘာက ဖြစ်တည်နေတာလား?

အဖြေခက်တဲ့ အတွေးတွေကိုဖယ်လို့

အရိုးဆင်းဆုံး ပြောခဲ့ပါရစေ

ကောင်မလေး…

ငါဖြစ်တည်လာခြင်းဟာ မင်းအတွက်ပါပဲ…

Comment #2

i like that poem
i appreciate your poem
Try your best fri !

commentinfo By: hmwehmwe at Nov 14, 2011
Comment #3

ရုန်းမထွက်ချင်တဲ့ အိပ်မက်တွေမှာ

ပျော်မွေ့ ခြင်းတွေ များစွာနဲ့

မင်းအနားမှာ နေရတဲ့ညအချိန်ဟာ

ငါ့အတွက် တိုတောင်းလွန်းတယ်…
အဲဒီအပိုဒ်လေးကိုပိုကြိုက်တယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 14, 2011
Comment #4

တွယ်ရာမဲ့တဲ့ အတွေးတွေနဲ့

ဆွေးဆွေးလေပဲ ကမ္ဘာတဖက်မှာ

ငါတယောက်ထဲ မနက်တွေနဲ့

အဖော်မဲ့စွာ ကော်ဖီတခွက်သောက်ခဲ့တယ်

commentinfo By: May Kha at Nov 14, 2011
Comment #5

မနက်ဖြန် အထပ်ထပ်တွေနဲ့

ဆက်နေခဲ့ ဒီနေ့တွေဟာလဲ

ပုံတူကူးထားတဲ့ မနေ့ကလိုပဲ

ထူးခြားလာခြင်းဟာ ဆိတ်သုဉ်းနေစမြဲ…
အခု ထက် ပိုပြီ ကဗျာတွေ ရေနိုင်ပါစေ အားပေး လျှက်

commentinfo By: zinlaylay at Dec 19, 2011
Comment #6

he,,he,,,
hote ke.

commentinfo By: ei lay at Dec 21, 2011
Comment #7

ei lay က ကဗျာ ရေတဲ့ သူ လာ ???????????
ဟုတ်ကဲ့ ဆို တော့

commentinfo By: zinlaylay at Dec 22, 2011
Comment #8

ha,,ha,,,
something is wrong exactly.
hey,,ma zin lay,,
i feel that u r fighting me all time.
what’s wrong with me?
what’s wrong with u?
anyway,,i want to b fri with u.
nice to know u,ma zin lay.

commentinfo By: ei lay at Dec 22, 2011
Comment #9

yes , i am okay .

commentinfo By: zinlaylay at Dec 26, 2011
Comment #10

ngar phyit de lar chin ka min a twat pe so tar po p lat khan lar p,,,

commentinfo By: ei lay at Jan 6, 2012
Comment #11

😛
😛
😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment