Professional Authors

ခေါင်းစဉ်မရှိသော (မင်းကိုချစ်တဲ့သူ)

ကြွေကျခဲ့ပြီ….
သစ်ရွက်တွေနဲ့ ကြယ်ပွင့်လေးတွေ
အရင်အချိန်ကတော့ တို့နှစ်ယောက်
ကြည်နူးခြင်းတွေနဲ့ ထိုင်ကြည့်ခဲ့တယ်…

ကြွေကျခဲ့ပြန်ပြီ…
သစ်ရွက်တွေ ကြယ်ပွင့်လေးတွေနဲ့
နှလုံးသားတစ်စုံပေါ့
ဒီအချိန်တော့ ငါတယောက်ထဲ
နာကြင်ခြင်းတွေနဲ့ ထိုင်ကြည့်မိတယ်…

သစ်ရွက်တွေ ကြယ်လေးတွေ ကြွေဖို့
ဘယ်သူ ဖန်တီးခဲ့တာလဲ
တို့နှစ်ယောက် ဝေးဖို့အတွက်လဲ
ဘယ်သူတွေ ဖန်တီးခဲ့တာလဲ…

ခါးသက်သက် ကော်ဖီနဲ့
အသက်မပါတဲ့ မနက်ခင်းတွေကို
ဖြတ်သန်းရင်း တွေးနေမိတယ်
ချိုမြိန်ခြင်းရဲ့ ပန်းတိုင်က ခါးသက်ခြင်းလား…

ရေးရေးလေးပေါ်နေတဲ့ အမေးတွေကို
တွေးတွေးရင်းရေး ဖြေးဖြေးခြင်းဝေးခဲ့တာကို
ရိုးရိုးလေးပဲဆွေးနေမိတဲ့ ငါဟာ
မင်းကိုချစ်တဲ့သူ ပါ…

မျှော်လင့်ချက်မရှိတဲ့ မနက်ဖြန်တွေကို
အဟာရပြတ်နေတဲ့ နှလုံးသားနဲ့
ငါ့ကို အဆွေးသမားလို့မမြင်စေချင်ဘူး
လုံးနေတဲ့ကမ္ဘာကြီးကို ပြုံးပြုံးလေးနှုတ်ဆတ်ရင်း
အသုံးမတဲ့တော့တဲ့ နှလုံးသားကို
ဈာပနာထားခဲ့ပါရစေ…

 

 

“မင်းကိုချစ်တဲ့သူ”

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

wow,,,

commentinfo By: ei lay at Nov 14, 2011
Comment #2

hin,,,
lwan nay par de so hma a te kwe zat lan g phet mi de.
twar p…..
a yae a tar ka kaung lun dot lone wa ngo twar p.
hint….
sate soe like p.

commentinfo By: ei lay at Dec 21, 2011
Comment #3

ei lay>> ထပ်တာလွမ်းလိုက်… ငိုတော့မငိုနဲ့…. 😛

Comment #4

ngo de so tar a la kar nay yin ngo loh ya ma lar loh?
a yan khan sar ya hma myat yae ka htwke lar tar.
bar feeling hma ma shi pe ne ngo par bu.
lwan tar taung ngo ya bu de.
mtat yae ka htwke lar tar be lo loak ya hmar tone,,,

commentinfo By: ei lay at Dec 24, 2011
Comment #5

ei lay>> အဲ့ဒါကငိုတာမဟုတ်ဘူး… ၀မ်းနည်းတယ်လို့ခေါ်တယ်… ကျနော့် ကဗျာက ei lay ကို ၀မ်းနည်းစေတယ်ဆိုရင် တောင်းပန်ပါတယ်… ဒါပေမယ့် နောက်ကဗျာတွေရေးရင်လည်း အားပေးနော်… 🙂

Comment #6

ကြွေကျခဲ့ပြီ….
သစ်ရွက်တွေနဲ့ ကြယ်ပွင့်လေးတွေ
အရင်အချိန်ကတော့ တို့နှစ်ယောက်
ကြည်နူးခြင်းတွေနဲ့ ထိုင်ကြည့်ခဲ့တယ်…

ကြွေကျခဲ့ပြန်ပြီ…
သစ်ရွက်တွေ ကြယ်ပွင့်လေးတွေနဲ့
နှလုံးသားတစ်စုံပေါ့
ဒီအချိန်တော့ ငါတယောက်ထဲ
နာကြင်ခြင်းတွေနဲ့ ထိုင်ကြည့်မိတယ်…
နှစ်သက်စွာအားပေးသွားပါတယ်မောင်လေး

commentinfo By: အသဲကွဲမိုး at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment