Professional Authors

တစ်နေ့ (သို့မဟုတ်) တစ်ရက်

မက်ခွင့်မရှိတဲ့ အိပ်မက်တွေကို
ဘာလို့များ ငါတောင့်တနေမိပါလိမ့် …
လေထုထဲက စိုထိုင်းဆတွေပြောင်းလဲ
မျက်လုံးတွေ အရောင်ပြောင်းသွားတိုင်း
ဆောင်းရာသီရောက်ပါပြီ လို့ဘယ်သူကပြောလဲ …
ပြောင်းလဲခြင်း ဆိုတာ
ပြက္ခဒိန်ရဲ့ ရက်စွဲတွေလား
ရာသီစက်ဝန်းတွေရဲ့ အေးစက်မှုတွေ နွေးထွေးမှုတွေလား …
ငါ့အတွက်တော့ လောကဆိုတာ
ငါတစ်ယောက်တည်းပါ …
ဒါပေမယ့်တော့
ဗလာသက်သက် မျက်ဝန်းတွေနဲ့ လောကကြီးကို
ကျောခိုင်းထားဖို့က နည်းနည်းတော့
ခဲယဉ်းလိမ့်မယ် …
မမျှော်လင့်ထားလည်း
တစ်နေ့နေ့ဆိုတဲ့ အရပ်က
နှင်းဆီရနံ့တွေကို ရှုရှိုက်ခွင့်ရဦးမှာပါ …
ဘာတွေများ ပိုင်ဆိုင်ထားခဲ့လို့
ငါ့အရိပ်တွေကို ဒီကမ္ဘာကြီးမှာချန်ထားခဲ့ဖို့
ပြောနေကြတာလဲ …
နှုတ်ဆက်ခွင့်ဆိုတာကို ကြိုသိခဲ့ရင်တောင်
လေပြည်ညင်းလို တိတ်တိတ်လေး ထွက်သွားချင်ခဲ့တာ …
သေချာတာ တစ်ခုကတော့
စေတန် ခိုးဝှက်ထားတဲ့
ငါ့ရင်ထဲက သက်ပြင်းတစ်စုံက အခုထိ အရာမယွင်းသေးခဲ့တာပဲ …………….

In: ကဗျာ Posted By: Date: Nov 12, 2011
Comment #1

စေတန် ခိုးဝှက်ထားတဲ့ ငါ့ရင်ထဲက သက်ပြင်းတစ်စုံက အခုထိ အရာမယွင်းသေးခဲ့တာပဲ ……………

Comment #2

မက်ခွင့်မရှိတဲ့ အိပ်မက်တွေကို

ဘာလို့များ ငါတောင့်တနေမိပါလိမ့် …

လေထုထဲက စိုထိုင်းဆတွေပြောင်းလဲ

မျက်လုံးတွေ အရောင်ပြောင်းသွားတိုင်း

ဆောင်းရာသီရောက်ပါပြီ လို့ဘယ်သူကပြောလဲ …

ပြောင်းလဲခြင်း ဆိုတာ

ပြက္ခဒိန်ရဲ့ ရက်စွဲတွေလား

ရာသီစက်ဝန်းတွေရဲ့ အေးစက်မှုတွေ နွေးထွေးမှုတွေလား …

ငါ့အတွက်တော့ လောကဆိုတာ

ငါတစ်ယောက်တည်းပါ …

ဒါပေမယ့်တော့

ဗလာသက်သက် မျက်ဝန်းတွေနဲ့

လောကကြီးကို ကျောခိုင်းထားဖို့က နည်းနည်းတော့ ခဲယဉ်းလိမ့်မယ် …

မမျှော်လင့်ထားလည်း

တစ်နေ့နေ့ဆိုတဲ့ အရပ်က နှင်းဆီရနံ့တွေကို ရှုရှိုက်ခွင့်ရဦးမှာပါ …

ဘာတွေများ ပိုင်ဆိုင်ထားခဲ့လို့

ငါ့အရိပ်တွေကို ဒီကမ္ဘာကြီးမှာချန်ထားခဲ့ဖို့ ပြောနေကြတာလဲ …

နှုတ်ဆက်ခွင့်ဆိုတာကို ကြိုသိခဲ့ရင်တောင်

လေပြည်ညင်းလို တိတ်တိတ်လေး ထွက်သွားချင်ခဲ့တာ …

သေချာတာ တစ်ခုကတော့

စေတန် ခိုးဝှက်ထားတဲ့ ငါ့ရင်ထဲက သက်ပြင်းတစ်စုံက အခုထိ အရာမယွင်းသေးခဲ့တာပဲ ……………

commentinfo By: gregory.tthang at Nov 12, 2011
Comment #3

ခံစားအားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment