Professional Authors

4B ခဲတံလေးရဲ့ ကောက်ကြောင်း

ဆည်းဆာရယ်

မနေ့က တနေ၀င်တော့ဖြင့်

ငါ မင်းကိုလွမ်းလိုက်တာ..

အလွမ်းနဲ့ ခူးထားတဲ့ ဖွင့်ဟသံက

ကာရံတွေ တိုးတိုးလေး ရွတ်မိရုံလေး

စာသားတွေဖြစ်မလာခဲ့

ခေါင်းစဉ်ပါမလာခဲ့

မင်းဆီပို့ဖို့ ရေးထားတဲ့ ကာရံအပိုင်းအစတွေက

ဒီပိတ်ထားတဲ့ သံယောဇဉ်စာအုပ်ထဲမှာပဲ

အလည်လွန်ခဲ့မိတာ

လမ်းပျောက်နေတဲ့ ညတွေလိုပဲ..

 

တစ်ခါတစ်ခါတော့

နံနက်ခင်းမှာ နေခြည် ဆွတ်ဖြန်းပေးသလို

ညတွေလဲ အလင်းရောင်တွေ

ရဖူးချင်လိုက်တာ

ဘယ်တော့မျာမှ” နေ့ ”  “ည” ဆိုတဲ့ ကွဲလွဲချက်ကို

ခံစားမိမှာလဲ

အတွေးနဲ့ ပျော်နေရတဲ့ အဖြစ်ကလဲ

4B ခဲတံ တစ်ချောင်းနဲ့

ကောက်ကြောင်းတွေ လိုက်နေရသလိုပဲ

ခပ်ဝါးဝါး အရေးအကြောင်းသာသာပါ..

 

ငါဆွဲထားတဲ့ ကောက်ကြောင်းတွေက

မင်းအပြုံးတွေ မမှီမှာတော့

စိုးရိမ်မိရဲ့

 

မင်းမသိအောင် ငါဆွဲထားမိတာတော့

ထပ်ပြီး ၀ှက်ထားရအုံးမယ်

အဲဒီ အရေးအကြောင်းတွေ

မင်း နားမလည်ပေမယ့်

မမြင်ဘူးပေမယ့်

ခံစားမိလောက်ပါရဲ့

နှလုံးသားမှာ ပြည့်နေတက်တဲ့

ကောက်ကြောက်းတိုင်က မင်းမဆွဲခဲ့ပေမယ့်

မင်းဖန်ဆင်းခဲ့တာ မဟုတ်လား?

 

ငါရင်မှာ မင်းကြောင့်

ကောက်ကြောင်းတွေ

အသွားမှန်း မသိ

အပြန်မှန်း မသိ

စုန် ဆန် နေခဲ့ပြီ..

 

“၀” လုံလေးကို ၀ိုင်းနေအောင် 4B ခဲတဲ့နဲ့

ဘယ်လိုမှ မဆွဲတက်ခဲ့ပါ

လ၀န်းလေးတော့ အလွတ်ဆွဲတက်တယ်

မယုံမရှိနဲ့..

In: ကဗျာ Posted By: Date: Nov 11, 2011
Comment #1

ကဗျာလေး အရေးအသားတကယ်ကောင်းတယ် ဖတ်သွားတယ် အားပေးတယ်ဗျ ။

commentinfo By: X - ray at Nov 11, 2011
Comment #2

he,,he,,
hote,,,
yone par de…

commentinfo By: ei lay at Nov 11, 2011
Comment #3

Whenever I read,,make me big smile.
Whenever I read,,make me feel satisfied.

commentinfo By: ei lay at Oct 11, 2012
Comment #4

အရမ်းနှစ်သက်လို့ ကော်ပီသွားပါတယ်ရှင့်

commentinfo By: maypyo22889 at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment