Professional Authors

နင့် အတွက် ငါ .. ။

ဟန်ဆောင်အပြုံးတွေ ခဏ ခွာချ …
မာန်မာန အာဃာတ …
အမှန်နဲ့ အမှားကြား
ဘယ်သူမှ မပိုင်ဆိုင်တဲ့
နင့်အတွက်သက်သက်
အဖြူရောင် ပန်းခင်းတစ်ခင်း
ငါ့ရင်ထဲမှာ ရှိတယ်ဆိုတာ ယုံ ။

နင်လျှောက်နေတဲ့လမ်း …
နင်ရောက်နေတဲ့အခန်း …
တံခါး တစ်ချပ် ပိတ်လိုက်စမ်း …
အတိတ်တွေမှာ နင်စူးရှခဲ့လဲ
အနာဂါတ်တွေအတွက်
နင် ဆက်လျှောက်ရမယ် … ။

ခဏ မဟုတ်ဘူး … ဒါ ဘ၀ ဟ …
နင်က ငါ့ရဲ့ဘ၀ …
ငါလျှောက်ဖို့ သက်သက်ခင်းထားတဲ့လမ်း ဆိုတောင် …
နင့်ရင်ခွင် နင်းဖြတ်ဖို့ ငါ စိတ်မကူးဘူး …
မက်မက် စက်စက် ထွေးပိုက် …
နင့်ကို ငါ အသွေး အသားထဲ က ချစ်တယ် … ။

အမှန်အမှားတွေ မကင်းလဲ …
နင်ခဏခဏ ပြောသလိုပေါ့ …
ငါက နင့်ချစ်သူ … နင်က ငါ့ချစ်သူ …
ငါ တိုးတိုးဖွဖွ ရေရွတ် …
သံသယတွေကို ခပ်ဝေးဝေးပို့ထားပေးတယ် … ။

လုံခြုံအောင်ထွေးပွေ့ထားလဲ
နင်က အရုပ်မှ မဟုတ်ပဲ …
ဟိုဒီသွား ဆော့ကစား …
မတော်တဆ ဒါဏ်ရာများ ရခဲ့ရင် …
နင့်အတွက်သီးသန့်
ဖောက်ထုတ်ထားတဲ့ ငါ့ နှလုံးသွေးတွေ ရှိမယ် …
သောက်သုံး ကုစား … ။

အမှားဆိုတာ မရှိဘူး …
ငါ့ရင်ခွင်ဆိုတာ နင့်အတွက်သီးသန့် …
အခန်းတွေ မကန့်ထားပါဘူး …
နင်သာ အပိုင်သိမ်း …
ရှင်သန်ခြင်း သေဆုံးခြင်း
နင်ပဲ ထိန်းချုပ်တော့ ချစ်သူ … ။

ကမ္ဘာက နင့်အတွက်မရှိရင်တောင်
ငါက နင့်အတွက် ရှိမယ် ကို …
နင့်ကမ္ဘာမှာ ကဗျာတွေ ဆိတ်သုဉ်းမယ့်တနေ့ …
ငါ ကိုယ်တိုင် နင့်အတွက်
ကဗျာတစ်ပုဒ်ဖြစ်စေမယ် … ။

တကယ်လို့ များ … တကယ်လို့ များပေါ့ …
ငါ သေဆုံးသွားခဲ့မယ်ဆိုတောင် …
နင်ငါ့ကို စူးစူးနင့်နင့် လိုအပ်လာတဲ့တစ်နေ့ …
နင့်လက်ကလေးကို ဘယ်ဘက်ရင်အုံပေါ် အသာ ဖွဖွ တင်ထား …
တိုးတိုးလေး ခုန်နေတဲ့ အရာတခုရှိတယ် …
နင် သတိထားမိမလား …
အဲ့မှာ ငါ ရှိနေမယ် … ယုံ ။

In: ကဗျာ Posted By: Date: Nov 11, 2011
Comment #1

ခဏ မဟုတ်ဘူး … ဒါ ဘ၀ ဟ …
နင်က ငါ့ရဲ့ဘ၀ …
ငါလျှောက်ဖို့ သက်သက်ခင်းထားတဲ့လမ်း ဆိုတောင် …
နင့်ရင်ခွင် နင်းဖြတ်ဖို့ ငါ စိတ်မကူးဘူး …
မက်မက် စက်စက် ထွေးပိုက် …
နင့်ကို ငါ အသွေး အသားထဲ က ချစ်တယ် … ။

ကြိုက်တယ်..အားပေးသွားတယ်…မငယ်လေး….. 🙂

commentinfo By: သားသား at Nov 11, 2011
Comment #2

wow,,,
yae yae le le kway de kwar,,,
da ke so kaung hmar pe kwar…..
ko doe main ma tway ka a yan a chit g kya tar naw..,nge lay.
nay ma kaung loh ko twin a sate a pine ta khu khu le ya me so yin yaw pay hmar lar?

commentinfo By: ei lay at Nov 11, 2011
Comment #3

kha na ma hote bu,,dar ba wa ha,,
ngar ka nin chit thu,,
nin ka ngar chit thu,,
shin tan chin tay sone chin nin pe htane choke dot chit thu,,
nin ko su su nit nit lo add nay dar.
tay sone twar ke me so yin taung,,,,,,,,,,,,, nin a twat ngar………………..

commentinfo By: ei lay at Nov 11, 2011
Comment #4

😀 … 10Q ko tharrrr

မအိလေးရေ … ကျေးဇူးတင်ပါတယ်နော် …း) … အားပေးတဲ့အတွက် …

commentinfo By: Nge Lay at Nov 11, 2011
Comment #5

တကယ်ကောင်းတဲ့အချစ်ကဗျာတစ်ပုဒ်ပဲဗျာ…။တော်တော်လည်းခံစားလို့ကောင်းတယ်။
နောက်ဆုံးကဗျာအပိုဒ်လေးကတော့..အကြိုက်ဆုံးပေါ့ဗျာ။အားပေးသွားပါတယ် ငယ်လေး။

commentinfo By: poem.poem28 at Nov 12, 2011
Comment #6

🙂 … ဟုတ်ကဲ့ … ကျေးဇူးပါ … 🙂

commentinfo By: Nge Lay at Nov 14, 2011
Comment #7

ဟန်ဆောင်အပြုံးတွေ ခဏ ခွာချ …
မာန်မာန အာဃာတ …
အမှန်နဲ့ အမှားကြား
ဘယ်သူမှ မပိုင်ဆိုင်တဲ့
နင့်အတွက်သက်သက်
အဖြူရောင် ပန်းခင်းတစ်ခင်း
ငါ့ရင်ထဲမှာ ရှိတယ်ဆိုတာ ယုံ ။

commentinfo By: meso at Nov 13, 2012
Comment #8

Nay ma kaung de a chain hmar phat like ya Dar ne ne arr Shi twar ta lo khan sarr ya de.
Thz so much.

commentinfo By: ei lay at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment