Professional Authors

မြို့တော်သို့အပြန်

လူငယ်တစ်ယောက်ရဲ့မျှော်လင့်ချက်တွေလို
အိပ်မက်တွေတစ်ပွေ့တစ်ပိုက်နဲ့
ငါပြန်လာခဲ့တယ်…။

မြို့တော်ရေ…
ငါ့ကိုနှုတ်ဆက်စမ်းပါကွယ့်
ဟင်းလင်းပြင်ရင်ဘတ်နဲ့
နှုတ်ဆက်သွားတဲ့လူငယ်ကို
နည်းနည်းတော့
မင်းမှတ်မိနိုင်စွမ်းပါရဲ့ …..။

ငါပြန်လာခဲ့ပါတယ်။

ကြိုဆိုမှုကင်းတဲ့အဲဒီမှာ၊
အဆင်မပြေတာတွေနဲ့ပဲလုံးထွေး
တစိမ်းတရံတွေနဲ့
အထီးကျန်ခဲ့ရတယ်။

ဖယောင်းတိုင်မီးလဲ့လဲ့နဲ့အသက်ဆက်တဲ့
ငါ့အနုပညာကို
ချနင်းခံခဲ့ရတယ်။

မြိ့တော်ရေ………
တရင်းတနှီးနှုတ်ဆက်ဆက်စမ်းပါကွယ့်…….ငါ့ကို

မင်းရင်ခွင်ထဲမှာ
လဲလျောင်းနေတဲ့
ငါ့ချစ်သူရဲ့ အုတ်ဂူကိုနမ်းဖို့
ငါပြန်လာခဲ့တယ်……။

aunghmuekoko
18 May 2010
10:28 am

In: ကဗျာ Posted By: Date: May 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment