Professional Authors

တန်ဆောင်မေ (ငွေတာရီ)

မနက်ဖန် (၁၀၊ ၁၁၊ ၂၀၁၁) တန်ဆောင်မုန်း လပြည့်နေ့ အတွက်…

 

နှင်းရည်သီး၍
စိုလည်းစိုလန်း၊ မြနွယ်ဒန်းဝယ်
ဆန်းလည်းဆန်းစွ၊ ကြွရရွတည့်
လှလည်းလှပေ၊ ခဝဲရွှေသည်
မြောက်လေသွေး၍ ယိမ်းပြီကော။ ။

လင်းဆီမီးနှင့်
ထွန်းလည်းထွန်းညှိ၊ ပူဇော်ဘိ၍
ရှိလည်းရှိခိုး၊ ပျပ်ဝပ်ကျိုးလျက်
ကိုးလည်းကိုးကွယ်၊ ဆုပန်ရွယ်သည်
တိုင်းနယ်အေး၍ ငြိမ်းစေသော။ ။

ဆင်းရည်ညီးလျက်
ပလည်းပဝင်း၊ လှများမင်းကို
လင်းလည်းလင်းစွာ၊ မီးရောင်ဝါဝယ်
သာလည်းသာရွှင်၊ ကျွန်ုပ်မြင်သည်
နှိုင်းယှဉ်တုလွတ် နတ်မေလော။ ။

In: ကဗျာ,ငွေတာရီ Posted By: Date: Nov 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment